ကဗျာဆန်ဆန်အချစ်စာသားလေးတွေကို ပရိသတ်ကြွေကျအောင် ဆွဲခေါ်နိုင်သူလေး အေးသောင်းတစ်ယောက်တော့ လတ်တလောမှာ တရုတ်ပြည်ကိုရောက်ရှိနေပါတယ် ။

သူမက Remax Myanmar ရဲ့Brand Ambassador တစ်ယောက်မို့ Remax နဲ့အတူ တရုတ်ပြည်ရဲ့ VIP ခရီးစဉ်ကို လိုက်ပါခဲ့ရတာပဲ ဖြစ်ပါတယ် ။

ချစ်ရတဲ့သူတွေနဲ့ ဝေးကွာတဲ့အချိန်တိုင်း ချစ်သူနဲ့ ပတ်သက်တဲ့ခံစားချက်ကလေးတွေ မကြာခဏဆိုတက်တဲ့ သူမကဒီနေ့မှာလည်း “ သဝန်တိုတက်တဲ့ ချစ်သူ” ပါလို့ ရေးသားထားပါတယ် ။

သူမရဲ့ပုံရိပ်တိုင်းက သဘာဝဆန်ဆန်နဲ့ ကြည့်ကောင်းလွန်းပြီး ပရိသတ်အကြိုက်တွေ့စေတဲ့ ပုံရိပ်ကလေးတွေမို့ လူမှုကွန်ယက်စာမျက်နှာထက်မှာ Followers အများဆုံးနဲ့ အောင်မြင်နေသူပဲဖြစ်ပါတယ် ။

ပရိသတ်တောင်းဆိုတဲ့ ပုံကလေးတွေကို စိတ်ရှည်လက်ရှည်သွားရောက်ပို့ပေးလေ့ရှိပြီး တစ်ယောက်ချင်းစီကိုလည်း သတိတရနဲ့ မှတ်ချက်များကို ပြန်လည်ပြောလေ့ရှိသူပါ ။

ဒါကြောင့်မို့ သူမအတွက်တော့ တဟုန်ထိုးအောင်မြင်မှုတွေနဲ့အတူ အမြဲထာဝရအားပေးနေ တဲ့ ပရိသတ်တွေရှိနေတာကြောင့် သူမရဲ့အနုပညာခရီးလမ်းကတော့ တကယ်ကိုအားရ ကျေနပ်စရာပါပဲ ။

Source – Aye Thaung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။