သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်တို့ ကြင်ဦးစဇနီးမောင်နှံလေးကတော့ ရိုမန်တစ်ဆန်တဲ့ညစာစားပွဲလေးနဲ့အတူ ရင်ခုန်ဖွယ်ညချမ်းလေးကို အတူဖြတ်သန်းခဲ့ကြပါတယ်..။

ငပလီကမ်းခြေကို အပန်းဖြေရောက်ရှိနေတဲ့ သူတို့ဇနီးမောင်နှံကတော့ နေ့လည်ပိုင်းကမ်းခြေမှာ ရေကစားရင်း ညနေပိုင်းလေးမှာတော့ နှစ်ယောက်တည်းရိုမန်တစ်ဆန်ဆန် ညစာစားပွဲလေးကျင်းပပြုလုပ်ခဲ့ပါတယ်..။

ကြည်နူးစရာညစာစားပွဲလေးနဲ့ ရင်ခုန်ဖွယ်ညချမ်းလေးကို ဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးတွေကိုတော့ စန္ဒီမြင့်လွင်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ရိုမန်တစ်ဆန်တဲ့ညစာစားပွဲလေးကိုတော့ သူမတို့တည်းနေတဲ့ amazing hotel ဟိုတယ်ကပဲ ပြုလုပ်စီစဉ်ပေးတာဖြစ်ပြီး ကြည်နူးစရာညစာစားပွဲလေးရဲ့ ပုံလေးတွေနဲ့အတူ ပျော်ရွှင်စရာခရီးစဉ်လေးဖြစ်တယ်ဆိုပြီးလည်း ပြောပြထားပါသေးတယ်..။

စန္ဒီမြင့်လွင်ကတော့ သူမရဲ့မင်္ဂလာပွဲလေးပြီးတဲ့နောက်ပိုင်း ဖျော်ဖြေရေးအတွက် ခရီးတွေဆက်တိုက်သွားနေရပြီး လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူကိုအချိန်ပေးရင်း ငပလီကမ်းခြေကို အပန်းဖြေရောက်ရှိနေတာ ဖြစ်ပါတယ်..။

ကမ်းခြေမှာအပန်းဖြေနေတဲ့ အသစ်စက်စက်ဇနီးမောင်နှံလေးစန္ဒီမြင့်လွင်တို့ရဲ့ ကြည်နူးပျော်ရွှင်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွ့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဒီဒီး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။