စိတ်ကို ရှင်းအောင် ထားတာ လှပခြင်းရဲ့ အကြောင်းရင်းတစ်ခုဆိုတဲ့ အိန္ဒြာကျော်ဇင်

ဒီတစ်ပတ်ရဲ့ အလှအပစာမျက်နှာ ထက်မှာတော့ ပရိသတ်အချစ်တော် နိုင်ငံကျော် အကယ်ဒမီ မင်းသမီးချော အိန္ဒြာကျော်ဇင်ကို မြင်တွေ့ရမှာပါ။ ကျွန်မ အချစ်ဆုံး ယောကျာ်းသုံး ယောက်ရုပ်ရှင်ကားကြီးကို လတ်တ လော ရိုက်ကူးပြီးသွားတဲ့ သူမက နောက်ထပ်လည်း ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးသွားဖို့ လက်ခံထား တယ်ဆိုတဲ့အကြောင်း သတင်းစကား ပါးရင်း သူမ ပြောပြထားတဲ့ အလှအပ ရေးရာတွေကို ခံစားဖတ်ရှုပေးပါဦး။

Q မိန်းကလေးတစ်ယောက်အတွက် အလှ အပက ဘယ်လောက်ထိ လိုအပ်တယ်လို့ မအူဝဲထင်ပါလဲ။

အစ်မ အထင်တော့ မိန်းကလေးဖြစ် တိုင်း အရမ်းကြီးလှပနေဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်ကောင်းအောင် နေတတ်ထိုင် တတ်တယ်ဆိုရင်ပဲ တော်တော်လေးလှ နေပါပြီ။

Q အစ်မကိုယ်တိုင်အတွက်ရော အလှအပ က ဘယ်လောက်ထိ အရေးပါတယ်လို့ လက်ခံထားပါလဲ။

အစ်မတို့က သရုပ်ဆောင်အလုပ် လုပ်နေတာဆိုတော့ သာမာန်ထက် တော့ အလှအပကို ပိုပြီး ဂရုစိုက် ပေးရ တာပေါ့နော်။ ကိုယ်တိုင်က အရမ်းကြီး ပြင်ပြင်ဆင်ဆင်နေရတာကို မကြိုက်ပေ မယ့် ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ အတွက် လိုအပ်သလို ပြင်ဆင်ရပါတယ်။ ထိန်းထိန်းသိမ်းသိမ်းလည်း နေဖြစ်ပါ တယ်။

Q အမြဲတမ်းလှပကြော့ရှင်းနေတဲ့ အစ်မရဲ့ လျှို့ဝှက်ချက်လေးကိုလည်း ပြောပြပေးပါ ဦး။

ကိုယ့်ကိုယ်ကိုတော့ လှတယ်လို့မ ထင်ပါဘူး ညီမရယ်။ ဘာလျှို့ဝှက်ချက် မှလည်း မရှိပါဘူး။ ပရိသတ်တွေက ကိုယ့်ကို ချစ်နေကြလို့သာ လှတယ်လို့ ပြောကြတာပေါ့နော်။

Q အလှအပနဲ့ပတ်သက်ပြီး အစ်မအနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုများ ဂရုစိုက်ထိန်း သိမ်းဖြစ်နေပါလဲ။

အစ်မတို့ အသက်အရွယ်ကျတော့ နည်းနည်းလေး စားလိုက်တာနဲ့ အများ ကြီး ဝိတ်တက်လွယ်တာဆိုတော့ ထိန်း ထိန်းသိမ်းသိမ်းလေး စားပေးရတာပေါ့။ နောက်တစ်ခုက အစ်မကskin care ကို သေချာလေး ဂရုစိုက်တယ်။ ဒါ တောင် အခုတလော အစားအသောက် သောင်းကြမ်းမိလို့အလာဂျီဖြစ်နေတယ်။

Q အခုလိုဆောင်းရာသီမှာရော ဘယ်လို skin care တွေကို ရွေးချယ်သုံးဖြစ်နေ လဲ အစ်မ။

အစ်မ အခု Lamer ဆိုတဲ့ တံဆိပ် ကို သုံးနေပါတယ်။ ဒါပေမယ့် အစ်မက တစ်မျိုးတည်းကို အမြဲစွဲမသုံးဘူး။ပြောင်း ပြောင်းပြီးတော့ သုံးတယ်။ Kanebo က Impress ဆိုတဲ့ စကင်းကဲလည်း သုံး တယ်။ အခုလို အသားအရေ ပိုပြီးတော့ ခြောက်သွေ့တတ်တဲ့ ဆောင်းရာသီမျိုး ဆိုရင်တော့ Moisture များတာကို ပို သုံးဖြစ်တယ်ပေါ့။

Q Skincare ပစ္စည်းတွေကို အပြောင်း အလဲ လုပ်ပြီး သုံးတဲ့ အားသာချက်တွေကို လည်း ပြောပြပေးပါဦး အစ်မ။

တချို့ Skin care တွေက အ သက်အရွယ်အလိုက် သုံးပေးမှ အကျိုး သက်ရောက်မှုရှိတာ။ တချို့ဟာတွေ ကျ တော့ နည်းနည်းအသက်ကြီးသွားတာ နဲ့ match ဖြစ်ချင်မှ ဖြစ်တာလေ။ ကိုယ်က ဒီစကင်းကဲနဲ့ ဒီလိုအသက်အရွယ်မှာ အ ဆင်ပြေပေမယ့် ကိုယ့်အသက်အရွယ် တစ်ခြားသူတွေကျတော့ ပြေချင်မှ ပြေ မှာ။ ကိုယ့် Skin အမျိုးအစားပေါ် မူ တည်ပြီးတော့ ပြောင်းသုံးပေးရတာပေါ့ နော်။

Q အစ်မအနေနဲ့ အလှအပအတွက်ဆိုပြီး တော့ သီးသန့် ရွေးချယ်စားသုံးဖြစ်တဲ့ အစားအစာမျိုးတွေရော ရှိသေးလား။

အစ်မက ကံကောင်းချင်တော့ Soup လုပ်ပြီး စားရတဲ့ အစားအစာမှန် သမျှ အကုန် ကြိုက်တယ်။ ခေါက်ဆွဲ ပြုတ်၊ ကြာဆံပြုတ်၊ ကြေးအိုး၊ ရှမ်း ခေါက်ဆွဲတို့လို အရည်နဲ့အဖတ်ရော နေ တဲ့ အစားအစာမျိုးတွေပေါ့နော်။ အဲဒါ တွေက ဝိတ်လည်း အရမ်းမတက်ဘူးလို့ အစ်မ ထင်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ သေချာရွေးချယ်စားတာ မျိုး မဟုတ်ပေမယ့် အလှအပအတွက် လည်း ဂရုစိုက်ပြီးသား ဖြစ်သွားတာပေါ့။ ထမင်းဟင်းကျတော့ သိပ်မကြိုက်လို့ မစားဖြစ်ဘူး။

Q မနက်စာကိုရော အဟာရပြည့်ဝအောင် ဘယ်လို စားသုံးဖြစ်ပါလဲအစ်မ။

မနက်စာကိုတော့ အစ်မက Heavy စားတာ။ မုန့်ဟင်းခါး စားချင်တဲ့နေ့ စား တယ်။ ကြာဆံချက် စားချင်တဲ့နေ့ စား တယ်။ အုန်းနို့ခေါက်ဆွဲ စားချင်တဲ့နေ့ စားတယ်။ တစ်ခါတလေ ထမင်းကြော် စားတယ်။ ဘာစားစား မနက်တိုင်း ကော် ဖီကတော့ အမြဲသောက်ဖြစ်တယ်။

Q တစ်ခြားရော မှီဝဲသောက်သုံးဖြစ်တဲ့ ဆေးဝါးတွေ ရှိပါသေးလားအစ်မ။

အဲဒီလိုမျိုးတော့ မရှိဘူး။ ဘာဆေးမှ မသောက်လို့တောင်မှ အဆူခံရတယ်။ အစ်မတို့အသက်အရွယ်ကျတော့ အား ဆေးတစ်မျိးမျိုးကို သောက်သင့်တယ်။ ဒါပေမယ့် အစ်မက အားဆေးသောက် ရင် ရင်တုန်တာမျိုးတွေ ဖြစ်တတ်လို့ ဘာဆေးမှကို မသောက်ဖြစ်တာ။

Q အသီးအနှံတွေက ကျန်းမာရေးရော၊ အလှအပအတွက်ပါ အများကြီး အကျိုးပြု တယ်ဆိုတော့ အစ်မကရော ဘယ်လိုအသီး အနှံမျိုးတွေကို ရွေးချယ်စားသုံးဖြစ်ပါလဲ။

အစ်မက အသီးထက် အရွက်ကို ပို ကြိုက်တော့ အရွက်များများစားဖြစ်တယ် ။ အသီးကတော့ ကိုယ်ကြိုက်တတ်တဲ့ လိမ္မော်သီး၊ ဖရဲသီးနဲ့ ဒူးရင်းသီးတို့ လောက်ပဲပေါ့။

Q အခုဒီဘက်ပိုင်းကာလတွေမှာ ဆာဂျရီ နည်းတွေ ခေတ်စားလာတဲ့အပေါ်မှာရော အစ်မရဲ့ အမြင်လေးကို ပြောကြည့်ပေးပါ ဦး။

အစ်မအနေနဲ့ဆိုရင်တော့ ကြောက် တယ်။ ကြောက်တဲ့အခါကျတော့ သူများ လုပ်တာတွေကို မကန့်ကွက်ပေမယ့် ကိုယ်တိုင်ကတော့ မလုပ်ရဲဘူး။ ဒါပေ မယ့် မျက်နှာအသားအရေကို တင်းရင်း အောင် စက်နဲ့ Tightening လုပ်ပေး တဲ့ ပုံစံမျိုးတော့ အစ်မကြိုက်တယ်။ ကိုယ်တိုင်လည်း လုပ်တယ်။ စင်ကာပူမှာ အဲဒီလိုမျိုး လုပ်ပေးတာတွေရှိတယ်။ တချို့ဆို အသားတွေထဲကနေ အဆီ တွေ ဖောက်ထုတ်တာမျိုးဆို အရမ်းနာ မှာပဲလေ။ အဲဒီလိုမျိုးတွေဆို အားမပေး ချင်ဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေ နဲ့ အဆီတွေကို မနာမကျင်စေဘဲနဲ့ လေ့ ကျင့်ခန်းလုပ်ပြီးတော့မှ ဖယ်ရှားပေးတဲ့ နည်းလမ်းတွေကိုတော့ သဘောကျ တယ်။ အဲဒီလိုမျိုးတွေကိုတော့ အား ပေး ပါတယ်။

Q အလှအပအတွက် Beauty Spa နဲ့ Beauty Clinic တွေကို ပုံ မှန်သွား ဖြစ်လား။

အစ်မက မျက်နှာပေါင်းတင်တာမျိုး တွေလည်း လုပ်လေ့လုပ်ထ သိပ်မရှိ တော့ အဲဒီလိုမျိုးနေရာတွေကို သိပ်မ သွားဖြစ်ဘူး။ အစ်မက နည်းနည်းပေ တယ်။ ဘုရားပေးတဲ့ ကံကြောင့်သာ ဒီ လောက်လေး အဆင်ပြေနေတယ်လို့ ပြောရမှာပေါ့နော်။ ဆံပင်အတွက်တော့ တစ်လတစ်ခါလောက် ပေါင်းသွားတင် ဖြစ်ပါတယ်။

Q ဒီနေ့ ဒီအချိန်ထိ မပြောင်းမလဲ လှမြဲလှ နေတဲ့အစ်မရဲ့ Body Structure နဲ့ ပတ်သက်ပြီး ဘယ်လိုထိန်းဖြစ်သလဲဆိုတာ လည်း ပြောပြပေးပါဦး။

အစ်မက ညစာကို Heavy မစား တော့ဘဲနဲ့ Diet လုပ်ဖြစ်တယ်။ ဆီ ကြော် တွေဆို မစားဘူး။ အစားလုံးဝမ စားဘဲနဲ့ ထိန်းတာမျိုးတော့ မလုပ်ဘူး။ အစ်မတို့မျိုးရိုးက အရိုးအဆစ်လည်း သေးတော့ အစ်မ မေမေဆိုလည်း က လေးသုံးယောက်သာ မွေးထားတာ အခု ချိန်ထိ သေးသေးလေးပဲ။ နောက်ပြီး အစ်မ အသက် ၁၈နှစ်၊ ၁၉နှစ် လောက် တုန်းက Exercise အရမ်းလုပ်ထားလို့ miscle တွေက ကျစ်ပြီး ဝိတ် တက်မ လာတာလည်း ဖြစ်နိုင်ပါတယ်။

Q အခုလက်ရှိမှာရော ဘယ်လိုလေ့ကျင့်ခန်း တွေ ဆက်လုပ်ဖြစ်နေပါလဲ။

လေ့ကျင့်ခန်းကတော့ ွှTread Mill ပေါ်မှာ နာရီဝတ်၊ ၄၅မိနစ်၊ တစ်ခါတစ် လေကျရင်လည်း တစ်နာရီကြာအောင် လမ်းလျှောက်တယ်။ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကတော့ လူတိုင်းလုပ်သင့် တယ်လို့ အစ်မထင်တယ်။ နိုင်ငံခြားမှာ ဆိုရင် နေမကောင်းတဲ့လူအတွက် လေ့ ကျင့်ခန်းလုပ်ပေးတာက ဆေးကုပေး တာနဲ့ အတူတူပဲ။

Q အစ်မအနေနဲ့ ကိုယ့်ကို မြန်မြန်အို မင်းရင့်ရော်စေတဲ့ စိတ်ဖိစီးမှုတွေ နည်း နိုင်သမျှ နည်းအောင် ဘယ်လိုမျိုးနေထိုင် တတ်ပါသေးလဲ။

လူဆိုတာကတော့ စိတ်ညစ်တဲ့အခါ တွေလည်း ရှိတာပေါ့နော်။ ဒါပေမယ့် တစ်ခုခုဆို စိတ်ထဲမှာ အကြာကြီးမထား ဘူး။ နောက်တစ်ခုက အစ်မတို့အလုပ် က စိတ်ထဲမှာ stress တွေများနေရင် လုပ်လို့မကောင်းဘူး။ အဲဒါကြောင့် အစ်မက ကိုယ့်စိတ်ကို အမြဲတမ်းရှင်း နေအောင် ထားတယ်။

Q ဟုတ်ကဲ့ပါ..မအူဝဲကို အစဉ်အမြဲချစ်ခင် အားပေးနေတဲ့ ပရိသတ်တွေကိုလည်း အလှ အပနဲ့ ပတ်သက်ပြီး လိုက်နာကျင့်သုံးသင့် တဲ့ Message လေး ပေးခဲ့ပါဦး။

အခုက ဆောင်းတွင်းဆိုတော့ ရာသီ ဥတုက တော်တော်လည်း အေးသလို အသားအရေလည်း ပုံမှန်ထက် ခြောက် သွေ့တတ်တော့ Moisture များတဲ့ Skin care နဲ့ Serum တွေကို သုံးပေး သင့်တယ်။ နှုတ်ခမ်းအတွက်လည်း LIp Balm လေးတွေသုံးပေးဖို့ လိုအပ်တယ်။ အလှအပအတွက် မဟုတ်ရင်တောင် အ သားအရေကို ခြောက်သွေ့ယားယံတာ မျိုးတွေ မဖြစ်အောင် lotion လည်း ပုံ မှန်လိမ်းပေးကြပါလို့။

Source: Now Magazine

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။