ကောလာဟာလတွေကြောင့် ဘယ်လိုပဲနာမည်ပျက်ပျက် အားပေးတဲ့ပရိသတ်တွေရှိနေဆဲဖြစ်ပြီး ကိုယ်ပိုင်ထုတ်လုပ်တဲ့ နှုတ်ခမ်းနီကလဲ ပစ္စည်းကုန်တဲ့ထိ ရောင်းကောင်းနေတဲ့ နီနီခင်ဇော်ကတော့ သူမရဲ့ဘဝမှာ ရှေ့ဆက်ပြီးကြိုးစားလျှောက်လှမ်းနေတယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

‘‘နီနီတို့က Moving For-ward ပါ။ ရှေ့ကိုပဲ ဆက်သွားနေ တယ်။ အကောင်းဆုံးကြိုးစားပြီး သွားနေမှာပါ။ သေချာပါတယ်။ ၂၀၁ရမှာ ဒီထက်ပိုပြီးကောင်းမယ်လို့ ယုံကြည်တယ်။ အဲဒီစိတ်နဲ့ပဲ သွားနေမှာပါ’’

‘‘နီနီ့အတွက်တော့ အတွေ့ အကြုံတွေ အများကြီးရတယ်။ ဘဝရဲ့ Turning Point နောက် ထပ်တစ်ခုပေါ့။ ဘဝမှာ လုပ်ချင်တဲ့ အိပ်မက်တွေကိုလည်း ပျော်ရွှင်စွာ အကောင်အထည်ဖော်ခွင့်ရခဲ့တယ်။ သို့ပေမဲ့လည်း မထင် မှတ်ထားတဲ့ အရာတွေလည်းဖြစ်တယ်။ ဘဝမှာ ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေတဲ့နှစ်ပေါ့။ ဒါပေမဲ့ အကောင်းဘက်ကို ပိုပြီးအားသာလိုက်တယ်လို့ ထင်ပါတယ်’’

တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ခါးဒဏ်ရာကြောင့် ဧပြီတစ်ရက်နေ့သို့ ရွှေ့လိုက်တဲ့အကြောင်းကို

‘‘နီနီ အကတိုက်ရင်း ခါးပြန် နာသွားတာ။ အဲဒီတော့ နည်း နည်းလန့်သွားတာ။ တစ်နေ့ကို အများကြီးတိုက်လို့မရဘူး။ တစ် ပုဒ်လောက်ပဲတိုက်ရပါတယ်။ လေးလပိုင်း ၁ ရက်နေ့ကို လုပ် ဖို့သေချာပါတယ်’’ လို့ပြောကြားခဲ့ပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည် သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး သီချင်း ၂၅ ပုဒ်ခန့် သီဆိုရန် စီစဉ် ထားကာ အကအဖွဲ့များနှင့် တင်ဆက်မှုများပါဝင်မည်ဖြစ်သကဲ့သို့ သံစုံတီးဝိုင်းနှင့် ဖျော်ဖြေမည့်အစီ အစဉ်များလည်း ပါဝင်မည်ဟု ၎င်းက ဆိုသည်။

Source : localmedia

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။