ချစ်တဲ့သူကို မုန်းတဲ့သူအနေနဲ့ နာနာကျည်းကျည်းပြောင်းလဲရခဲ့တဲ့အကြောင်းအရင်း မိန်းကလေးတိုင်းမှာ ရှိနေတတ်ပါတယ်။

၁။ နာကျည်းဖွယ်ရာ အကြောင်းများက အဓိကပါ

ချစ်သူကနေ မုန်းသူအဖြစ် ပြောင်းလဲသွားတဲ့ အဓိက အကြောင်းအရာကတော့ ကိုယ့်ချစ်သူအပေါ် နာကျဉ်းမှု အကြောင်းအရာတွေက အခြေခံပါတယ်။ အချစ်ဆိုတာကလည်း စိတ်ခံစားမှုကလာတာဆိုတော့ ကိုယ့်အချစ်ကို စိတ်ပျက်သွားတဲ့ အခါတွေမှာ၊ ချစ်ရတာ ပျင်းလာတဲ့အခါတွေမှာ အချစ်ပြောင်းလဲမှုတွေ၊ မူလ ချစ်သူအပေါ် သစ္စာဖောက်မှုတွေ ဖြစ်ပေါ်လာတတ်တာလည်း အသေအချာကြီးပါ။ မိန်းကလေးဆိုတာကလည်း မုန့်သာဝေစားမယ် အချစ်ကိုဘယ်တော့မှ ခွဲဝေမပေးကြဘူးလေ။ အဲဒီတော့ ကိုယ့်အပေါ် ခဏတာ သစ္စာဖောက်တာပဲဖြစ်ဖြစ်၊ တသက်တာ သစ္စာဖောက်တာပဲဖြစ်ဖြစ် သစ္စာဖောက်တစ်ယောက်ကို တသက်တာ ထာဝရ နာကျည်းသွားတတ်ကြတာကတော့ မိန်းကလေးတွေအားလုံးရဲ့ သဘာဝပါပဲ။

၂။ တသက်တာ လက်တွဲရန် စိတ်ကူးထားသူဖြစ်နေခြင်း

မိန်းကလေးတော်တာ်များများက တကယ်ချစ်တဲ့ ချစ်သူကို တသက်တာလက်တွဲဖို့အတွက် စိတ်ကူးပြီး လက်တွဲချင်ကြတဲ့သူတွေပါ။ ဒါကြောင့်မို့လို့ သင့်အနေနဲ့ သင့်ချစ်သူ ကောင်လေးနဲ့ တူတူလက်တွဲတော့မယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး တစ်ယောက်အကြောင်း တစ်ယောက်ပြောပြီး နားလည်မှုယူထားလိုက်ကြပါတော့။ တကယ်လို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မရှိဘူးဆိုရင်ကတော့ အချစ်ကနေ အမုန်းဖြစ်သွားမှာလည်း အသေအချာပဲဖြစ်ပါတယ်။

၃။ အမှန်တကယ်မချစ်ခြင်း

ဒီနေရာမှာ ပြောချင်တာကတော့ အချစ်ကြီးတဲ့ မိန်းကလေးတွေအတွက် ကိုယ်သာ အမှန်တကယ်ချစ်မိပြီဆိုရင်တော့ ကိုယ့်ချစ်သူ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေမူ သည်းခံပြီးချစ်တတ်ကြမှာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ချစ်သူကနေ မုန်းသူဖြစ်သွားတဲ့ ကိစ္စတွေမှာ ကိုယ့်ချစ်သူကို အမှန်တကယ်မချစ်ခဲ့ခြင်းက အဓိက ကျပါတယ်။

၄။ အနေဝေးပြီး သွေးအေးသွားခြင်း

အနေဝေးပြီး သွေးအေးသွားတတ်တယ်ဆိုတာ ဟန်ဆောင်ပြုံပင်ပြောနေကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာလည်း အမြဲဖြစ်လေ့ဖြစ်ထရှိခဲ့တဲ့ ပြဿနာတစ်ခုပါ။ အနေဝေးလို့အချစ်စိတ်လျော့နည်းသွားချိန်မှာ ပြဿနာတစ်ခုခုဖြစ်လိုက်ပြီဆိုတာနဲ့ ပြတ်ဆဲသွားနိုင်ကြတာ အသေအချာပါပဲ။ ဒါကြောင့်ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင်တော့ မကြာမကြာတွေ့ပေးဖို့အတွက် တိုက်တွန်းအကြံပေးလိုက်ပါတယ်။

၅။ အချစ်ရေးကို ကျွမ်းကျင်မှု နည်းပါးခြင်း

အချစ်ရေးပြဿနာတွေဖြစ်ကြတယ်ဆိုတာက အချစ်ရေးမှာ အတွေ့အကြုံနည်းပါပြီး ငယ်ရွယ်သေးတဲ့ စုံတွဲလေးတွေမှာ အဖြစ်အများဆုံးပါ။ ချစ်သူကနေ မုန်းသူဖြစ်သွားတဲ့ ကိစ္စတွေမှာလည်း စဉ်းစားဉာဏ် နုနယ်သေးတဲ့ လူငယ်စုံတွဲတွေမှာ အများဆုံးပါပဲ။ အဲဒီတော့ ကိုယ့်အနေနဲ့ ချစ်သူကနေ မုန်းသူအဖြစ်ကိုမရောက်စေချင်ဘူးဆိုရင်တော့ အချစ်ရေးကျွမ်းကျင်သူတွေနဲ့တိုင်ပင်ဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။

၆။ မာနထားရှိကြခြင်း

မာနဆိုတာ လူတိုင်းမှာ ရှိတယ်ဆိုပေမယ့် အချစ်ရေးကိစ္စတွေမှာတော့ မာနနည်းလေးကောင်းလေပါတယ်။ ချစ်သူနဲ့ကွေကွင်းရတဲ့ ကိစ္စတွေ၊ ချစ်သူနဲ့ ပြတ်ဆဲရတာတွေ တော်တော်များများက တစ်ဦးနဲ့တစ်ဦး မာနတွေ မလျှော့ကြလို့ပါ။ ဒါကြောင့်မို့လို့ အချစ်ရေးမှာ အလုံးစုံ အဆင်ပြေစေချင်တယ်ဆိုရင်တော့ အတတ်နိုင်ဆုံး မာနလျှော့ချပြီး ညှိနှိုင်းဆောင်ရွက်ဖို့ပဲလိုအပ်ပါတယ်။

၇။ အချစ်ထောက်လှမ်းရေးလုပ်ပါ

ဒီခေတ်အချိန်အခါမှာ ရည်းစားထားတယ်ဆိုရင် အရင်တုန်းကလိုမျိုး သုံးနှစ်သုံးမိုး စောင့်ကြည့်စရာမလိုပေမယ့် ကိုယ်ထားတဲ့ရည်းစားအကြောင်းကိုတော့ အရင်ဆုံးသိရှိအောင်တော့ စုံစမ်းလိုက်ပါဦး။ ကိုယ့်ရည်းစားက ရှုပ်တတ်လား၊ အေးအေးဆေးဆေးနေတဲ့သူလား၊ ချစ်တတ်သူလား၊ မုန်းတတ်တဲ့သူလား ဆိုတာ သေချာသိမှ ကိုယ်နဲ့သူနဲ့ တွဲနေစဉ်မှာ ရှောင်ရန်၊ဆောင်ရန်တွေက သိရမှာလေ။

၈။ အပြေလည်ဆုံး နည်းလမ်းဖြင့်ဖြေရှင်းပါ

ပြဿနာပေါင်းစုံတက်နေတဲ့ လောကကြီးမှာ အချစ်ရေးကိစ္စတွေမှာလည်း ပြဿနာ အများအပြားတွေ့နေရဆဲပါပဲ။ လူသားတွေဆိုတာလည်း ပုထုဇဉ်ဖြစ်တဲ့အတွက် အပြောင်းအလဲတွေအများအပြားဖြစ်တတ်တာကလည်း သဘာဝပါ။ ဒါကြောင့်မို့လို့အချစ်ရေးကိစ္စတွေမှာ နောင်ရေး စိတ်အေးရစေဖို့ အထူးရည်ရွယ်ပြီး မချစ်ခင်ကြိုတင်စဉ်းစားပါ။ ခေါင်းအေးအေးနဲ့အဖြေရှာပါ။ 

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။