ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ဇီးကုန်းမြို့ အပါအဝင် မြို့နယ်အချို့တို့တွင် လိပ်ပြာကဲ့သို့ ရွှေဝါရောင် ပိုးကောင်ငယ်များ အခန်းနံရံများ၊ မျက်နှာကြက် များ၌ ပျံ့နှံ့ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ပိုးကောင်များ စတင် ပေါက်ဖွားလာသော နေရာကို မသိရသော် လည်း ယင်းတို့နှင့် ထိစပ်သောနေရာများ၌ နေထိုင်သူများမှာ ယားယံမှုများ ဆက်တိုက်ခံစားရကြောင်း၊ ယားယံမှု အတွက် ဆေးဆိုင်များ၌ သက်သာ ပျောက်ကင်းစေရန် လိမ်းဆေး၊ စားဆေး များရှိသော်လည်း အဆိုပါ ပိုးကောင်ငယ်များ ထပ်မံရောက်ရှိလာပါက စာသင်ကြားရာတွင် အခက်အခဲ များ ရှိလာနိုင်ကြောင်း ကျောင်းသား မိဘတစ်ဦးက ပြောသည်။

အဆိုပါ လိပ်ပြာနှင့်တူသော ရွှေဝါရောင် ပိုးကောင်ငယ်များမှာ ပိုးဟပ် အရွယ်ခန့်ရှိ၍ ဦးခေါင်းနှင့် ခြေလက်များတွင် အဖြူရောင် အမွေးအမှင်များ ထူထပ်စွာပေါက်နေပြီး ယင်းအမွေးအမှင်များနှင့် ကိုင်တွယ်ထိတွေ့သူ (သို့) အဝတ်အစားများတွင် ကပ်ငြိနေပါကလည်း ယားယံမှုများကို သုံးရက်၊ လေးရက်အထိ ခံစားရကြောင်း၊ ယင်းပိုးကောင်များကို ရှင်းလင်း ဖယ်ရှားရာတွင်လည်း လက်အိတ်နှင့် မျက်နှာဖုံးစွပ်များ အသုံးပြု ဆောင် ရွက်ရန် သတိပြုသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကိုသက်(ဇီးကုန်း)၊ ဓာတ်ပုံ-တင်မြင့်

MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။