အဲဗာတန်အသင်းနည်းပြ ဆမ်အလာဒိုက်ဟာ မန်ယူအသင်းရဲ့ နောက်တန်းကစားသမား စမောလင်းကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ဆမ်အလာဒိုက်ဟာ စမောလင်းတစ်ယောက်ထဲမဟုတ်ပဲ ဖီဂျုံလ်းကိုပါ အလိုရှိနေတာဖြစ်ပါတယ်။အဲဗာတန်အသင်းရဲ့ ခံစစ်နေရာမှာ စမောလင်း၊ ဖီလ်ဂျုံးလ်အတွဲကို အားဖြည့်ဖို့ ချိန်ရွယ်နေတာလည်းဖြစ်ပါတယ်။

စမောလင်းဟာ မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟိုလက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိထားတဲ့သူဖြစ်ပါတယ်။မန်ယူအသင်းဟာ လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ နောက်တန်းကစားသမား အမ်တီတီကို ခေါ်ယူဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ရင်တော့ မန်ယူအသင်းဟာ စမောလင်းကို ရောင်းချသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

စမောလင်းကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အသင်းတွေကတော့ ဝက်စ်ဘရွန်း၊ လက်စတာ၊ ခရစ္စတယ်ပဲလေ့စ်၊ ဘန်လေအသင်းတို့ပဲဖြစ်ပါတယ်။ဒါကြောင့် အဲဗာတန်အသင်းအနေနဲ့ စမောလင်းကိုခေါ်ယူဖို့အတွက် ပြိုင်ဘက်အသင်းတွေနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးစားသွားရမှာလည်းဖြစ်ပါတယ်။စမောလင်းဟာ မန်ယူအသင်းနဲ့ စာချူပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

source - the sun football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။