မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့သည် မြန်မာနိူင်ငံ အလယ်ပိုင်းတွင် တည်ရှိ၍ မန္တလေးတိုင်းတွင် ပါ၀င်သော (၇)ခရိုင်အနက်မှ ပဥ္စမြောက်ခရိုင်ဖြစ်ကာ ကျောက်ဆည်ခရိုင်သည် ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား စသည့်(၄) မြို့နယ်တွင် (၂၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇၇) အုပ်စု တို့ဖြင့် ဖွဲ့စည်းထားသည်။

ကျောက်ဆည်မြို့နယ်၏အကျယ်အဝန်းမှာ (၁၆၀၅.၁၉) စတုန်းမိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှ အမြင့်ပေ (၂၇၀)တွင် တည်ရှိသည်။

ကျောက်ဆည်ဟူသော အမည်သည် ဇော်ဂျီမြစ်အား ကျောက်များဖြင့် ဆည်ဖို့ထားခြင်းကို အကြောင်းပြု၍ မှည့်ခေါ်ခြင်း ဖြစ်သည်။

ထိုဒေသသည် ရှေးယခင်ကတည်းက လယ်ယာစိုက်ပျိုးရေးအတွက် အချက်အခြာကျသော ဒေသ ဖြစ်သည်။ ကိုးခရိုင် နယ်သူ နယ်သားများသည် အနော်ရထာမင်းကြီး၏ကျေးဇူးတော်ကိုဆပ်သည့်အနေဖြင့် ရွှေသာလျောင်း စေတီတော်ကို ပူဇော်သည့်အနေဖြင့်လည်းကောင်း၊ မိုးရာသီကုန်ဆုံး၍ ဆင်လှူပွဲတော်နှင့်ဆွမ်းတော်ကြီးကပ်လှူပွဲကို ရှေးရိုးရာမပြက် နှစ်စဉ်ကျင်းပသည့်အနက်မှ ရှေးယခင်က ဆင်ရုပ်ပုံမုန့်၊ စက္ကူကပ်ဆင်၊ လူထမ်း၍ ရသောဆင်၊ လူဝင်၍ ပူဇော်သောဆင်နှင့် ယခုအခါလူဝင်၍ခေါင်းလှုပ်၊ ကိုယ်လှုပ်ဆင်အကများ ပြုလုပ်၍ ဆင် အကအလှ ပြိုင်ပွဲများပြုလုပ်ရာ ဘော်ကြယ်ဆင်၊ ရိုးရာဆင်၊ ကလေးဆင်ရုပ်များပြုလုပ်လျှက်ရှိရာ ဆင်ရုပ်ချိုး ပညာရှင်များ ၀င်ငွေကောင်းမွန်ကြောင်းနှင့် ကျောက်ဆည်မြို့၏ အထင်ကရ ပွဲတော်ဖြစ်ပြီး နှစ်စဉ်သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့တွင် ဆင်ပြိုင်ပွဲများ ပြုလုပ်ပြီး လပြည့်နေ့တွင် ရွှေသာလျောင်းတောင်ပေါ်တွင် ဆင်ရုပ်များ ကပ်လှူပူဇော်ခြင်းနှင့် ပင့်သံဃာတော်များအား ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။