သင့်ချစ်သူနဲ့လက်ထပ်ပြီး တစ်သက်လုံးလက်တွဲဖို့ဆုံးဖြတ်ချက်က မှန်ပါ့မလား။ ဒီအချက်တွေကြည့်ပြီး စဉ်းစားနိုင်ပါတယ်။

(၁)လက်ထပ်လိုုက်တဲ့အတွက် ပိုုကောင်းသွားမှာလား

သင်လက်ထပ်လိုက်တဲ့အတွက် သင့်ချစ်သူက သင့်ဘဝကို ပိုမိုမြှင့်တင်ပေးနိုင်မှာလား။ ကိုယ့်အတွက်အကောင်းဆုံးတွေပေးနိုင်မှာလား။ အနာဂတ်အတွက် ဘယ်လိုအစီအစဉ်တွေလည်း ချမှတ်ထားလဲဆိုတာကိုတော့ အရင်ဆုံးအနေနဲ့ သေချာမေးမြန်းလိုက်ပါ။

(၂)တသက်လုံးလက်တွဲသွားမှာလား

သင့်အနေနဲ့ ဘဝမှာ တခြားအရာတွေကို ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေမယ့် ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါမှာတော့ မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ပြောင်းလဲဖို့ခက်ခဲပါတယ်။ တစ်ပင်လဲ တစ်ပင်ထူဆိုတဲ့ နောက်အိမ်ထောင်ပြုတဲ့ ဆိုရိုးစကားတွေရှိခဲ့ပေမယ့်လည်း အမျိုးသမီးတွေအတွက် တစ်သက်မှာ တစ်ယောက်သာ လက်တွဲဖော်အဖြစ် လက်တွဲသင့်အတွက် သင့်ကို သူတစ်သက်လုံးလက်တွဲသွားမှာလားဆိုတာကို လက်မထပ်ခင်သေချာမေးသင့်ပါတယ်။

(၃)သူ့အကြောင်းကို သေချာသိပြီလား

တကယ်လို့ သင်က သင့်ချစ်သူကို တဘဝလုံးလက်တွဲတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက သူ့အကြောင်းကို သေချာသိဖို့လိုအပ်ပါပြီ။ သူ့အကြိုက်၊သူ့အကျင့်၊ သူ့အကြောင်းတွေကို သေချာမသိဘဲနဲ့ ဘဝတစ်ခုလုံးကို ပုံမအပ်မိပါစေနဲ့။

(၄)သူနဲ့နေရာတာ ပျော်နေပြီလား

နှစ်ယောက်တစ်ဘဝ နေရာတယ်ဆိုတာ သူနဲ့ကိုယ်၊ ကိုယ်နဲ့သူ အပြန်အလှန်နားလည်မှုတွေနဲ့ မျှဝေနေကြရတာလေ။ အဲဒီတော့ ဒီနေရာမှာ အဓိက သိထားရမှာက သင့်အနေနဲ့ သူနဲ့ အတူတူနေရတာ၊ ချစ်သူဖြစ်ရတာကို ပျော်ရွှင်မှုရှိရဲ့လားဆိုတာပါပဲ။

(၅)သင်ဟာ သူ့အတွက် အချိန်ကုန်နေသူလား

သူနဲ့ချစ်သူဖြစ်ရတာ သင့်အနေနဲ့ စိတ်ကျဥး်ကျပ်နေတယ်လို့ထင်မိလား။ ဘာလို့လည်းဆိုတော့ သင့်အနေနဲ့ သူနဲ့တွဲနေတဲ့အချိန်မှာ သင့်အချိန်တွေကို သူ့အတွက်ဖဲ့ပေးနေရလို့ပါပဲ။ ဒါကြောင့်မို့လို့ သင့်အချိန်တွေ သူ့အတွက် အလကား ကုန်နေလားဆိုတာကို သင့်ကိုယ်သင် ပြန်မေးသင့်ပါတယ်။

(၆)သူ့ကို လိုတာထက်ပို ဂရုစိုက်မိနေလား

သင်ဟာ သင့်ချစ်သူကို လိုတာထက်ပိုပြီး ဂရုစိုက်နေမိလား၊ သူ့အကြောင်းကို ပိုပြီး တွေးတောမိနေလား၊ သူခိုင်းတာတွေကို လိုတာထက်ပိုပြီး လုပ်ပေးနေမိတာလား။ ဒါဆိုရင်တော့ သင်သူ့ကို အမှန်တကယ်ချစ်တယ်ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။

(၇)နားလည်မှုရှိနေကြပြီလား

သင်တို့နှစ်ဦးစလုံးဟာ တစ်ဦးနဲ့တစ်ဦး ကတိတွေထား၊ သစ္စာပွားပြီး တစ်ဦးကို တစ်ဦး အပြန်အလှန် အပြည့်အဝကူညီတဲ့အထိ နားလည်မှုရှိနေကြပြီလား။ ဒါမှမဟုတ် အဲဒီအချက်တွေထဲက တစ်ခုခုပိုင်ဆိုင်နေပြီဆိုရင်တော့ ဒါဆို လက်ထပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

(၈)အတူသွား၊အတူလာ၊ အတူပျော်နိုင်ပြီလား

လက်ထပ်ခါနီးစုံတွဲတော်တော်များများကတော့ အသက်အရွယ်ရပြီး အလုပ်အကိုင်နဲ့ဆိုတော့ တစ်ဦးနဲ့တစ်ဦးအချိန်ပြည့်မပေးနိုင်ကြပါဘူး။ အဲဒါကြောင့် နှစ်ကိုယ့်စတိတ်နေရမယ့်ဘဝမှာ နေ့လည်စာအတူစား၊ ရုံးအတူသွား၊ ကိုယ်ပျော်ရင်သူပျော်၊ သူပျော်ရင်ကိုယ်ပျော်လုပ်နိုင်မယ့် အနေအထားမျိုးရှိဖို့ကလည်း အရေးကြီးပါတယ်။

(၉)အတူကဲဖြစ်ကြလား

စိတ်တူကိုယ်တူဖြစ်ဖို့အတွက် အကျင့်တူဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်ရုပ်ရှင်ရုံသွားကြည့်ရင် သူနဲ့အတူ သွားဖြစ်ကြလား။ သူဆော့ရင် ကိုယ်လည်း လိုက်ဆော့ဖြစ်ကြလားဆိုတာကို လေ့လာဆန်းဆစ်ကြည့်လိုက်ပါဦး။ ကဲတယ်ဆိုတာကလည်း လူတိုင်းနဲ့ မကင်းနိုင်တဲ့အတွက် အတူတောင်မကဲနိုင်ဘဲနဲ့ ထာဝရ လက်တွဲဖို့ဆိုတာကတော့ ခက်ခဲလိမ့်မယ်နော်။

(၁၀)ဘာကြောင့်သူနဲ့ ကြိုက်ခဲ့တာကိုရော သိရဲ့လား

မိန်းကလေးတွေ တော်တော်များများ ကောင်လေးတွေကို ကြိုက်ကြတဲ့အချက်တွေကတော့ ယုံကြည်တာ၊ သစ္စာရှိတာ၊ တန်ဖိုးထားတာ၊ ချစ်ခင်တာ စတဲ့ အချက်တွေကြောင့် ကြိုက်ကြ၊ချစ်ကြတာတဲ့။ ဒါဆို သင်ရော ဘာကြောင့် သူ့ကို ချစ်တာလဲ။

(၁၁)အနာဂတ်ကို ကြိုးတွေထားလား

ဘဝဆိုတဲ့ အရေးအရာဟာ အခုလက်ရှိအချိန်မှာ အဆင်ပြေနေပေမယ့် နောင်တစ်ချိန်မှာ အဆင်ပြေချင်မှ ပြေမယ်လေ။ နောက်တစ်ချိန်မှာ ဘာတွေဖြစ်မယ်ဆိုတာ ဘယ်သူမှ ဘာမှ မပြောနိုင်သေးပါဘူး။ အဲဒီတော့ သေချာမှု တစ်ခုခုရှိရအောင် အနာဂတ်ကို ကြိုတင်စီစဉ်ထားဖို့ကိုပဲ တိုက်တွန်းလိုက်ပါတယ်။

(၁၂)သူ့ကို အပြည့်အဝယုံကြည်နေပြီလား

တကယ်လို့ သင်က သူလုပ်သမျှ အဟုတ်ထင်ပြီး သူ့ကို ယုံကြည်အားကိုးတယ်၊ သူဘာလုပ်လုပ်ကြိုက်တယ်ဆိုရင်တော့ အဲဒီလူကိုသာ လက်ထပ်လိုက်ပေတော့။ 

(၁၃)သင့်အတွက် သူရဲကောင်းလား

သူဟာ သင့်အတွက် ကိုယ်ရံတော်တစ်ယောက်လို၊ စူပါမင်းတစ်ယောက်လို သူရဲကောင်းတစ်ယောက်ဖြစ်နေပြီလား။ သင့်အတွက် မားမားမတ်မတ်ရပ်တည်ပေးနိုင်မယ့် သူရဲကောင်းမျိုးဖြစ်နေပြီဆိုရင်တော့ လက်ထပ်ဖို့ အိုကေနေပါပြီ။

(၁၄)သင်က သူ့ကို ဆွဲဆောင်နိုင်တယ်လို့ ယုံကြည်လား

မိန်းမသားတစ်ယောက်အနေနဲ့ ကိုယ့်ယောက်ျားကို အခြားသူဆီ ပါမသွားအောင် ဆွဲဆောင်အားတစ်ခုခုတော့ ရှိနေရပါမယ်။ တကယ်လို့ သင်လက်ရှိတွဲနေတဲ့ သူကို မှ မဆွဲဆောင်နိုင်ဘူးဆိုရင်တော့ လက်ထပ်ဖို့ စိတ်မကူးပါနဲ့ဦး။

(၁၅)သင်ဟာ သူ့အတွက် မိခင်လား၊ချစ်သူလား

သင်ချစ်တဲ့ သူကို ဂရုစိုက် ယုယတတ်ကြတာ မိန်းကလေးတွေရဲ့ သဘာဝမို့လို့ သိပ်ပြီးတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ သူ့ကိုပဲ တစ်ချိန်လုံး ဂရုစိုက်နေမယ်ဆိုရင်တော့ သူကလည်း သင့်ကို မိခင်တစ်ယောက်လို့ မြင်သွားမှာလည်း စိုးရိမ်ရပါတယ်။ ဘယ်ယောက်ျားလေးမှာ ကိုယ့်မိခင်နဲ့ အတူတူမအိပ်ချင်ဘူးဆိုတာ သိထားဦးနော်။

(၁၆)ကိုယ့်ချစ်သူက ကိုယ့်ကိုအားကိုးနေပြီလား

ကိုယ်က သူ့ကို ယုံကြည်အားကိုးသလို သူကလည်း ကိုယ့်ကို ယုံကြည်အားကိုးတယ်ဆိုတဲ့အတွက် သူ့ရဲ့ ယုံကြည်မှု ကိုယ့်ဆီကို ရောက်ရှိနေပြီဆိုတာ သိရှိပြီဖြစ်တဲ့အတွက် အချိန်မဆွဲနဲ့တော့နော်။

(၁၇)ရည်ရွယ်ချက်တူကြသူတွေလား

အချို့စုံတွဲတွေက ဘာသာရေး၊ လက်ထပ်မယ့်ကိစ္စတွေနဲ့ ကလေးယူမယ့်ကိစ္စတွေကို မပြောချင်ကြပါဘူး။ သူတို့တွေက အဲဒီကိစ္စတွေဟာ သူ့အလိုလိုဖြစ်သွားကြမယ်လို့ ယုံကြည်ကြလို့ပါတဲ့လေ။ ဒါပေမယ့် သင့်အနေနဲ့ သူနဲ့အတူ အနာဂတ်အစီအစဉ်တွေကို ပြောပြရင်း ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့ ရည်ရွယ်ချက်တူမတူ စုံစမ်းလေ့လာကြည့်လိုက်ပါဦး။

(၁၈)ငယ်ပေါင်းကြီးဖော်လား

တကယ်လို့ သင်နဲ့ သင့်သူငယ်ချင်းက ငယ်ပေါင်းကြီးဖော် ငယ်သူငယ်ချင်း ငယ်ရည်းစားဆိုရင်တော့ လက်ထပ်ဖို့ အရင်းနှီးဆုံး လူသားတွေဖြစ်လာနိုင်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အဲဒီလိုလူမျိုးတွေက အတွင်းသိ၊ အဆင်းသိဖြစ်စေချင်လို့ပါ။

(၁၉)ကိုယ့်စိတ်ကြိုက်ဖြစ်ရဲ့လား

အခြားဟာတွေအသာထားလိုက်ပါဦး။ ကိုယ်ရွေးချယ်ထားတဲ့ ချစ်သူက ကိုယ့်စိတ်ကြိုက်ဖြစ်ရဲ့လား။ တကယ်ကြိုက်မကြိုက်သေချာစဉ်းစားကြည့်ပါဦး။

(၂၀)အကြောင်းပြချက်တွေအလေးထားပါ

ကိုယ်လက်ထပ်မယ့် ကိစ္စဟာ ကိုယ့်ဘဝတသက်တာပါ။ အဲဒါကြောင့်အထက်က အချက်တွေကို သေချာဖတ်ရှုပြီး လေ့လာစဉ်းစားပါ။ အကြောင်းပြချက်တွေအားလုံးကို အလေးထားစဉ်းစားလိုက်ရင် အဆင်အပြေဆုံးဖြစ်မှာ အသေအချာပါပဲ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။