ပုရွက်ဆိတ်တကောင်ကြောင့် ကလေးငယ်တဦး၏

မျက်လုံးတစ်ဖက်ဆုံးရှုံးရလုနီးပါဖြစ်ခဲ့သည့် သတိပြု စရာဖြစ်ရပ်တစ်ခု

ထိုင်ဝမ်နိုင်ငံမှ ၂နှစ်အရွက်ခလေးငယ်တစ်ဦးအား ပြင်ပဆေးခန်းတစ်ခုမှ ဆေးရုံကြီးတစ်ရုံရဲ ့အရေးပေါ်ဌါနသို ့လွှဲပြောင်းပို့

ဆောင်ရောက်ရှိလာပါတယ်။ ကလေးငယ်ရဲ ့လက်ဝဲဘက်မျက်လုံးဟာ ဆိုးရွားစွာရောင်ရမ်းနေပြီး

မျက်လုံးပင်ဖွင့်မရတော့သည့်အထိအနေအထားဖြစ်ကာ အမြင်အာရုံအဆင့်အားစစ်ဆေးကြည့်သည့်အခါတွင်လည်း 0.1အထိကျဆင်းပြီး အမြင်အာရုံ

ကွယ်လုနီးပါးအထိဖြစ်နေတာကို စိုးရိမ်ဖွယ်တွေ ့ရှိရပါတယ်။

ကလေးငယ်၏မျက်လုံး မည်သည့်အတွက်ကြောင့်

ဤမျှအထိဖြစ်ပျက်ခဲ့ရသည်အား မိဘဖြစ်သူများမှလည်း တိကျရေရာသည့်ဖြစ်စဉ်ကို သမားတော်များအား ပြန်လည်မပြောပြနိုင်ခဲ့ပါ။ ကလေးငယ်အား မေ့ဆေးပေးပြီးနောက် (အရွယ်ရောက်ပြီးသူများဆိုလျှင်တော့ ထုံဆေးဖြင့်ဆောင်ရွက်နိုင်) အဆိုပါမျက်လုံးအား အသေးစိတ်စစ်ဆေးကြည့်သည့်အခါတွင်တော့ ပုရွက်ဆိတ်သေတစ်ကောင်အား ပိုင်းပြတ်လျက် အစိတ်အပိုင်း ၃ခုအား မျက်ကြည်လွှာအား ထိုးဖေါက်ဝင်ရောက်ထားသည့်အနေအထားဖြင့် တွေ ့ရှိရပါတယ်။ အသက် ၂နှစ်အရွယ် ငယ်ရွယ်လွန်းသည့်ခလေးငယ်ဖြစ်သောကြောင့်လည်း အကြောင်းရင်းဖြစ်စဉ်အား ကောင်းစွာပြန်လည်ပြောပြနိုင်စွမ်းမရှိပါ။ အထက်ပါ ဆေးလောကလက်တွေ ့ဖြစ်စဉ်အားအခြေခံလျက် အောက်ပါ သတိပြု သင့်သောအချက်တချို ့အားအသိပေး ပြောကြားလိုပါတယ်။

၁။ မိမိရင်သွေးငယ်အိပ်စက်သည့်နေရာဝန်းကျင်တွင် ပုရွက်ဆိတ်၊ပိုးကောင်ငယ်များ တွေ ့ရှိရပါက ခလေးငယ်များရဲ ့နားရွက်၊မျက်လုံး၊နှာခေါင်း (အရေးပေါ်ဌါနများတွင်တွေ ့ရှိရသည့်ဖြစ်ပွါးမှု နှုန်းအနည်းအများအလိုက်-နားတွင်း ဝင်ရောက်မှု အများဆုံးဖြစ်) တွင်းသို ့အချိန်မရွေးဝင်ရောက်ပြီးထိခိုက်ဒဏ်ရာရစေနိုင်သည်ကိုသတိပြု ပါ။ မျတ်လုံး၊နားရွက် နာကျင်/ရောင်ကိုင်းနီရဲခြင်းဖြစ်ပွါးပါက ဆေးမြီးတိုဖြင့်ပြီးစလွယ်မဆောင်ရွက်ဘဲ အတတ်နိုင်ဆုံး ကျွမ်းကျင်သည့်သမားတော်များထံတွင်ပြသစစ်ဆေး ကုသမှု ခံယူပါ။

၂။ ခလေး/လူကြီးမဟူ မျက်လုံးအတွင်းသို ့ ပိုးကောင်ငယ်၊အရာဝတ္တု အမှတ်မထင်ဝင်ရောက်ခဲ့ပါက လုံးဝ(လုံးဝ) မပွတ်မိစေရန်အထူးသတိပြု ပါ။ လူကြီးများအနေဖြင့်မူ ပုရွက်ဆိတ်၊ပိုးကောင်ငယ်များ မျက်လုံးအတွင်းသို ့ဝင်ရောက်ခဲ့ပါက အများစုမှာ အတွင်းတွင်ပိတ်မိပြီး သူ ့ဘာသာသေဆုံးသွားလေ့ရှိသဖြင့် ခန္ဓာကိုယ်တုန် ့ပြန်မှု သဘာဝအရ မျက်ရည်စီးကျလာသည့်နည်းလမ်းဖြင့် သူ ့ဘာသာ ထွက်ကျလာသည့်အခွင့်အလမ်းရှိပါတယ်။ အကယ်၍ ပိုးကောင်ငယ်သေဆုံးသွားပြီး မျက်ရည်များနှင့်အတူ မထွက်လာခဲ့ပါက ကျွမ်းကျင်သည့်သမားတော်များထံပြသပြီး ထုတ်ယူရန်လိုအပ်ပါတယ်။ ပုရွက်ဆိတ်/ပိုးကောင်ငယ်များသေဆုံးပြီးနောက်၎င်းတို ့ကိုယ်တွင်းမှထွက်ပေါ်လာသော အရည်ကြည်တွင်ပါဝင်သည့် "Toxin" နှင့် ဘက်တီးရီးယားပိုးမွှွား အချို ့ကြောင့် ပိုးဝင်ရောင်ရမ်းဆိုးရွားရခြင်းဖြစ်လေ့ရှိပါတယ်။

၃။ နားရွက်အတွင်းသို ့ ပိုးကောင်ငယ်များဝင်ရောက်သည့်အခါတွင်တော့ အများသိပြီးသည့်အတိုင်း သန် ့စင်သောအုန်းဆီ၊ဟင်းချက်ဆီများ ကနဦးလောင်းထည့်ပြီး ပိုးကောင်ငယ် မလှုုပ်ရှား၊သေဆုံးသည့်အခါတွင်မှ ကျွမ်းကျင်သည့်သမားတော်ထံတွင်ပြသပြီး စနစ်တကျ ထုတ်ယူသင့်ပါတယ်။ လွန်ခဲ့သောလပိုင်းက လူရွယ်တစ်ဦး နားရွက်အတွင်းသို ့ပိုးဟတ်ငယ်အကောင်လိုက်ဝင်ရောက်သွားပြီး အရေးပေါ်ဌါနသို ့ရောက်လာသဖြင့် ကျနော်ကိုယ်တိုင်ထုတ်ပေးခဲ့ရပါတယ်။ ခန္ဓာဗေဒသဘောတရားအရ နားအတွင်းဖက်ဆုံးတွင် နားစည် ခံထားသဖြင့် ဆီလောင်းထည့်ခြင်းသည့် မည်သည့်ဆိုးကျိုးကိုမျှမဖြစ်စေဘဲ လောင်းထည့်လိုက်သော ဆီသည် ဦးခေါင်းအတွင်းဖက်သို့ တိုင်စီးဝင်သွားနိုင်သည်ဆိုသော အရပ်ဖက်အယူအဆကြောင့် ဆီမလောင်းထည့်ရဲဘဲ အလျဉ်းသင့်ရာ နားကြပ်တံ၊ညှပ် စသည်တို ့ဖြင့် နားအတွင်းရှိပိုးကောင်ငယ်အား ဆွဲယူဖယ်ရှားခြင်းမှာ လုံးဝကို မလုပ်သင့်သောအရာဖြစ်ပါတယ်။

Source: Dr.Myo Tun

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။