လက်ရှိဖွင့်ဖြိုးစဲနိုင်ငံတစ်ခု ဖြစ်တဲ့မြန်မာနိုင်ငံကတော့အနှေးယာဉ်များကို အဓိကအသုံးပြုလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ အနှေးယာဉ်များကို ရန်ကုန်မြို့နှင့်အတူ အခြားမြို့ကြီးများတွင်လည်း အသုံးပြုလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဧပြီလ ၆ ရက် နံနက်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လတာ အတွက် အနှေးယာဉ်များ (ဆိုက်ကား) လိုင်စင်သက်တမ်းတိုးခြင်း၊ ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းတို့ကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

ဝါးခယ်မမြို့နယ် အတွင်းရှိ အနှေးယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး၊ ခရီးသွားပြည်သူများ အတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အနှေးယာဉ်များ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးမြင့်ဆန်း၊ ဒုဦးစီးမှူး(အခွန်) ဒေါ်အေးသီတာနှင့် အခွန်ဌာနစိတ် ဝန်ထမ်းများက စိစစ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။   

ယင်းနောက် အနှေးယာဉ်လုပ်သားများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စည်းကမ်းတကျ လိုက်နာ ဆောင်ရွက်ရန် အဓိကလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။လက်ရှိ ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ဝါးခယ်မမြို့ပေါ်ရှိ အနှေးယာဉ် စုစုပေါင်းမှာ ၆၂၄ စီး ရှိကြောင်း သိရပါတယ်။  

Source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။