မကြာခင်မှာ မွေးဖွားတော့ မဲ့ အမြွာလေးတွေရဲ့ မေမေ ဖြစ်တဲ့ ချစ်သူဝေ နှင့် ဖေဖေဖြစ်တဲ့ လင်းလင်း တို့ စုံတွဲဟာ ပရိသတ်တွေ အားကျလောက်အောင် လိုက်ဖက်တဲ့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ တစ်ဦးနှင့် တစ်ဦး နားလည်မှု အပြည့်ရှိသလို အရမ်းချစ်ကြတဲ့ သူတို့ နှစ်ယောက်ဟာ ပရဟိတ လုပ်ငန်းတွေ လုပ်တဲ့နေရာမှာလည်း နှစ်ခေါက်မပြောရသလို သဒ္ဒါတရား ထက်သန်တဲ့ သူတွေပါ။ လင်းလင်း ကတော့ သူ့ဖေ့ဘွတ်ပေါ်မှာ မန္တလေးက ဘိုးဘွားရိပ်သာ က လိုအပ်ချက်တွေရယ် အကူအညီလိုအပ်တာတွေရယ်ကို ပြောပြီး အကူအညီတောင်းခံထားပါတယ်။

ထိုရိပ်သာဟာ မန္တလေး ရေတံခွန်တောင်ကနေ ထပ်တက်သွားရတဲ့ ထူမတောင် အပေါ်ဆုံးနားမှယ မနှစ်က လင်းလင်းတို့ သူငယ်ချင်းရောင်ရင်းတွေ စုပေါင်းမတည်ပြီး အကောင်အထည်ဖော်ထားတဲ့ ဘိုးဘွာရိပ်သာ (စွန့်ပစ်ဘိုးဘွားရိပ်သာ) မှာ လိုအပ်ချက်တွေများစွာရှိတဲ့အတွက် ချစ်သူဝေ နှင့် သူ တို့ လင်မယားနှစ်ယောက် သိန်း ၁၅၀ လောက်ကျမယ့် အဆောက်အအုံ့ကို လှူဒါန်းမှာဖြစ်တယ်လို့ပြောထားပြီး လိုအပ်ချက် တွေအများကြီးရှိတဲ့ အတွက် တက်နိုင်တဲ့ သူတွေရှိရင် လည်း အနည်းနှင့် အများဆိုသလို သွားရောက်လှူဒါန်းဖို့နှိုးဆော်ထားတာကိုတွေ့ရပါတယ်။

သို့ပေမယ့် နောက်ဆုံးမှာတော့ ( ကဲ မိန်းမရေ ,, ညည်းကိုမတိုင်ပင်ဘဲ အလှူတစ်ခုလုပ်လိုက်ပြီ, ညည်းလဲ နှစ်ခါမပြောရဘူးဆိုတာသိပြီးသားပါ, ညည်းကိုကျုပ်ခနခနပြောတာ မှတ်မိလား, ကျုပ်တို့တွေ ကားကောင်းတွေစီး တိုက်ကြီးပေါ်နေပြီး ကြုံရတဲ့ ဘဝအပူကဘာမို့လို့လဲကွာနော်, ဒီနိုင်ငံမှာ ဘဝဆိုးအပူ မျိုးစုံနဲ့ လူတွေအများကြီးရှိသေးတယ်လေ နော် ) ဆိုပြီး ချစ်သူဝေကို အသိမပေးဘဲ လှူဒါန်ူခဲ့သော်လည်း ရည်ရွယ်ချက်ကောင်းမွန်တဲ့အပြင် ကောင်းမှုကုသိုလ်ဖြစ်တဲ့ အတွက်ကြောင့် သူမဟာလည်း ပါရမီဖြည့်ဘက်အနေနှင့် 'သာဓုပါယောက်ျားရယ် အဖိုးအဖွားတွေကို လှူရတာမင်္ဂလာပါလေ' ဆိုပြီးပြန်ပြောထားပါတယ်။ ဒီလင်မယားကတော့ လိုက်လဲလိုက်ပါပေ့။

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။