လာမည့် (2017)ရဲ့ ပထမဦးဆုံးနေ့မှာ ပရီးမီးယားလိဒ်ရဲ့ လက်ရှိ (2) နဲ့ (3)နေရာက လီဗာပူလ်းနဲ့ မန်စီးတီးတို့ အန်းဖီလ်းမှာ အပြိုင်ကျဲကြမှာပါ။လီဗာပူလ်းအသင်းဟာ ခြေသိသိသာသာစွာနေပြီး tempo ကိုလည်းထိန်းနိုင်တဲ့အသင်းအဖြစ် ယခုနှစ်မှာအထင်အရှားပြသနေသလို စီးတီးကလည်း ခြေချော်တာတွေကိုပြန်ထိန်းချုပ်လာနိုင်ပြီး အာဆင်နယ်အပါအဝင် နောက်ဆုံး (3)ပွဲဆက်အနိုင်ရထားတာပါ။

ဒါ့ကြောင့်ဒီနှစ်သင်းတွေ့ကြမယ့် Super Sunday ကတော့ပွဲကြီးပွဲကောင်းပါပဲ။ မနေ့က လီဗာပူလ်းနဲ့ စတုတ်စီးတီးရဲ့ပွဲကိုတော့ စီးတီးရဲ့နည်းပြ ဂွာဒီယိုလာ လာရောက်ကြည့်ရှုခဲ့ပါတယ်။

စီးတီးနဲ့ပါတ်သတ်ပြီး ဂျာဂန်ကလောပ့်ကတော့ "ကျွန်တော်သူတို့အသင်းကို လေးစားမှုအများကြီး ရှိပြီးသားပါ။ ဒါပေမယ့်ဒီနှစ်မှာ ကျွန်တော်သူတို့ကွင်းထဲတခါမှတော့ သွားမကြည့်ဖူးဘူး၊ ပွဲကတော့ နှစ်သင်းလုံးအတွက် ခတ်ခဲတဲ့ပွဲဖြစ်လာပါလိမ့်မယ်၊ အဲ့လိုပဲ သိပ်ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲလည်းဖြစ်လာမှာပါ။ သတင်းကောင်းကတော့ အန်းဖီးလ်းမှာဖြစ်နေတာပဲ"

"သူတို့ဟာထူးချွန်တဲ့ကစားသမားတွေနဲ့ စုဖွဲ့ထားတာပါ၊ အဲ့လိုပဲကျွန်တော့်ကောင်တွေလဲ မညံ့ပါဘူး၊ အဲ့ဒီပွဲနဲ့ပါတ်သတ်ပြီး ရှေ့ဖြစ်ကြိုပြီးတစ်စုံတစ်ရာတော့ မှတ်ချက်မပေးချင်ပါဘူး၊ အဲ့လိုမှတ်ချက်တွေဟာ အသင်းအတွက်အခတ်အခဲဖြစ်လာတတ်တယ်။ အခုတော့ ကျွန်တော့်ပါးစပ်လေး ပိတ်ထားပါအုန်းမယ်" လို့ဆိုသွားခဲ့ပါတယ်။

မော်ရစ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။