ဘတ်သိန်းနှစ်ဆယ်တန်စိန်ဆွဲကြိုးခိုးတယ် ဆိုပြီး စွပ်စွဲခံနေရတဲ့ အိမ်အကူတိုင်းရင်းသူလေးနှစ်ဦးအား

အလုပ်ရှင်မှ အကျယ်ချုပ်သဘောနဲ ့အိမ်အတွင်းထိန်း

သိမ်းထားပြီး (၂၂) ရက်ခန့်စောင့်ကြည့်ခံရနေတဲ့ အိမ်အကူ

အလုပ်သမလေး(၂) ဦး ယနေ့လွတ်မြောက်လာပါပြီ။ မြန်မာသံရုံးအလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင် ရဲ့

စီစဉ်ညွှန်ကြားမှုနဲ့ AAC မဟာမိတ်အဖွဲ့ မှ အိမ်ရှင်တရုတ်နိုင်ငံသားနှင့် ထိုင်းလူမျိုးအမျိုးသမီး အိမ်ရှင်သူဌေးနှစ်ဦးနဲ ့နယ်မြေခံရဲစခန်းမှာ အပြန်အလှန်

ပြောဆိုပြီး ဥပဒေအရလူ ့့အခွင့်အရေးကို ချိုးဖောက်တဲ့လုပ်ရပ်ကို AAC အဖွဲ့ မှ ့အလုပ်ရှင်ကိုတရားပြန်စွဲဖို ့အလုပ်ရှင်နှင့်

ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းပြီး အကျယ်ချုပ်ပုံစံမျိုး ထိန်းသိမ်း

ထားတဲ့ အိမ်မှ လွတ်မြောက်အောင် ကူညီပေးနိင်ခဲ့ပါသည်။

မြန်မာသံရုံးအလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင် က

''ကျွန်တော့်ကို နိင်ငံတော်က ပေးအပ်ထားတဲ့ တာဝန်က

ပြည်ပရောက်မြန်မာအလုပ်သမားတွေကို စောင့်ရှောက်ကူ

ညီပေးဖို့ပါ ဒီနေ့ ဟာ ကျတော်ရဲ့ မွေးနေ့ပါ မွေးနေ့မှာ

အချုပ်အနှောင်ကျနေတဲ့ မြန်မာတိုင်းရင်းသူအမျိုးသမီး

လေးနှစ်ဦးကို AAC အဖွဲ့ နဲ့အတူူပူးပေါင်းကယ်ထုတ်ပေး

လိုက်နိင်တဲ့ အတွက် ကျတော့်ရဲ့ တာဝန်အတွက် ကျတော်

ကျေနပ်ပါတယ် ပြည်ပရောက်မြန်မာလုပ်သားတွေကို

မြန်မာသံရုံးသံအရာတွေနဲ့ အတူလက်တွဲကူညီပေးနေတဲ့

AAC အဖွဲ့ ကိုလည်း ကျတော်အသိအမှတ်ပြုပါတယ်''လို့

ပြောခဲ့ပါသည်။

AAC အဖွဲ့ဒါရိုတ်တာဦးခိုင် က ''မြန်မာအိမ်အကူအမျိုး

သမီးလေးတွေ အကာအကွယ်မဲ့နေတာကြာပါပြီ ခုတော့

မြန်မာသံရုံးကလည်း ဂရုစိုက်ပြီး ကူညီပေးနေတဲ့ အတွက်

မြန်မာအိမ်အကူမိန်းကလေးတွေ အခက်အခဲတွေ တွေ့လာ

ရင် ကြိတ်ပြီးခံမနေပါနဲ့ မြန်မာသံရုံးနဲ့ AAC အဖွဲ့ကို ဆက်

သွယ်ပါ အတတ်နိင်ဆုံးကူညီပေးနေပါပြီ '' လို့ ပြောသည်။

ပုံ- မြန်မာတိုင်းရင်းသူလေးနှစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ်

ဘားအံမြို့နယ် မြိုင်ကလေးဒေသမှာနေထိုင်တဲ့ မနန်းရီညို

သက် နှင့် မမူးလာဘူး တို့အား လွတ်မြောက်အောင်ကူညီ

ပေးခဲ့တဲ့ ပုံရိပ်များ ...

28/12/2016

ညနေ ၆ နာရီ ၃၀ မီနစ်

ဘန်နားရဲစခန်း ဘန်နားမြို့နယ်

ဘန်ကောက်မြို့

AAC မဟာမိတ်အဖွဲ့

#SueSue@Ye Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။