PSG အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကတ်စမဲရိုးကို ခေါ်ယူဖို့ ချိန်ရွယ်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် PSG အသင်းဟာ ကတ်စမဲရိုးကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကမ်းလှမ်းသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းဟာ ဥရောပမှာ အောင်မြင်မှုရရှိရန်အတွက် ငွေကြေးသုံးစွဲမှုတွေ ထပ်မံပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။

ကတ်စမဲရိုးရဲ့ စာချူပ်ဖြတ်သိမ်းကြေးဟာ ပေါင် ၁၇၂ သန်း ထိတန်ဖိုးရှိနေတာဖြစ်ပါတယ်။PSG အသင်းဟာ ကွင်းလယ်အဖျက်ကစားသမားတစ်ယောက် ကိုအလိုရှိနေတာကြောင့် စာချူပ်ဖြတ်သိမ်းကြေး ပေါင် ၁၇၂ သန်းကို ပေးချေသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ကတ်စမဲရိုးဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချူပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကတ်စမဲရိုးဟာ နှစ်အနည်းငယ်အတွင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဖလားတွေရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာကြောင့် အသင်းအများစုရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့သူလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါင် ၁၇၂ သန်း ရရင် ကတ်စမဲရိုးကို ရောင်းချသွားမှာလားဆိုတာကိုတော့ စိတ်ဝင်စားဖို့ကောင်းနေခဲ့ပြီလည်းဖြစ်ပါတယ်။

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။