မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးတဲ့ နေ့ထူးနေ့မြတ် နှစ်ဆန်းတစ်ရက်နေ့ဟာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး ဖြတ်သန်းလေ့ရှိပါတယ်။ ချစ်ရတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီမနှစ်ယောက်ကလည်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ပရိသတ်ကြီးရေ။ သူတို့ရဲ့ ဖခင်ကြီးကို ခေါင်းဆေးမင်္ဂလာပြုလုပ်ပေးခဲ့ကြောင်းကို မင်းသမီး ချစ်ချစ်ဇော်ရဲ့ လူမှုစာမျက်နှာကတဆင့် သိရပါတယ်။

ပရိသတ်တွေကတော့ ကျန်းမာရေးမကောင်းတော့တဲ့ ဖခင်ကြီးကို မငြီးမငြူပြုစုပေးတတ်တဲ့ သူတို့ညီမနှစ်ယောက်ကို ချီးကျူးလို့နေကြတာလည်း တွေ့

ရပါတယ်။ ဒါ့အပြင် နှစ်ဆန်းတစ်ရက်နေ့မှာ အကိုဖြစ်သူ ဒါရိုက်တာမိုက်တီးနဲ့အတူ သူမတို့ရဲ့ နေအိမ်ကို သန့်ရှင်းရေးလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ သူတို့မောင်နှမတွေရဲ့ စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြပုံတွေကတော့ ပရိသတ်တွေကြား ပြောစမှတ်ပြုစရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ချစ်ချစ်ဇော်ကတော့ သူမရဲ့ လူမှုစာမျက်နှာထက်မှာ နှစ်သစ်အတွက် သီချင်းလေးဆိုထားပြီး ယခုလို "နှစ်သစ်မှာအားလုံးအေးချမ်းပျော်ရွှင်နိူင်ကြပါစေ။

နှစ်ဟောင်းက အညစ်အကြေးတွေ၊စိတ်ငြစ်ငြူးမှု့တွေ၊ အထင်လွဲ အမြင်လွဲခြင်းတွေအားလုံးခဝါချပြီး လူသစ်စိတ်သစ်အတွေးအမြင်သစ်နဲ့ ဘဝကိုအကျိုးရှိစွာ လျှောက်လှမ်းနိူင်ကြပါစေလို့

ဆုတောင်းရင်း ------------

မနှစ်က တင်ထားတဲ့သီချင်းလေး

မေတ္တာလက်ဆောင်ပါရှင်။" ရေးသားပြီး ဆုမွန်ကောင်းတောင်းပေးထားတာ တွေ့ရပါတယ်။

Photo Source : Chit Chit Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။