မိုးယုစံ ရဲ့ မင်္ဂလာဆောင်ဟာ ပရိသတ်တွေကြားမှာ ဂယက်ထသွားခဲ့ကြပြီး သတင်းတွေ အတင်းတွေ မျိုးစုံကြားထဲမှ သူတို့ လင်မယားနှစ်ယောက်ဟာ တစ်ယောက်နှင့် တစ်ယောက် အချစ်မပျက်ဘဲ ရှိနေခဲ့ကြပါတယ်။ ဟန်းနီးမွန်း ကို ယောက္ခမတွေနှင့် အတူ နိုင်ငံ ၅ နိုင်ငံလောက်ခရီးထွက်ခဲ့ကြပြီး ဇနီးမောင်နှံ နှစ်ယောက် အတွက် ကလေးလေးက စောင့်ကြိုနေခဲ့ပါပြီ။

မိုးယုစံဟာ ကလေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့ပြောခဲ့သော်လည်း သူမရဲ့ ယောက္ခထီးကတော့ သတင်းကောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို တင်ထားခဲ့ပါတယ်။ 'Perfect.....ပျော်ချက်...က...၉၉၉၉၉

ကျွန်တော့အတွက်မြေးချောချောလေးမကြာမီရရှိလာတော့မည်ဖြစ်ပါကြောင်းဆွေမျိုးမိတ်ဆွေအပေါင်းသင်းများအား..အသိပေးအပ်ပါသည်....ကျွန်တော်ပြောဘူးတဲ့ ဘဝမှာအရေးကြီးဆုံးကမိသားစုပါ...

ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးနဲ့တပည့်များအားလည်းကျေးဇူးအထူးပါ....

မိသားစုအတွက်အချိန်ပေးပြီးပျော်ရွှင်နိုင်ကြပါစေလို့...စ်..'။ ထို့ကြောင့် မိုးယုစံတစ်ယောက် ဗိုက်ကြီးနေသည်မှာ အသေအချာဖြစ်ပြီး သားသားလေးမွေးမလား မီးမီးလေူမွေးမလားတော့ မသိရသေးပါဘူး။ နှစ်သစ်မှာ ကံကောင်းခြင်းတွေယူဆောင်လာပေးတော့မဲ့ကလေးလေးလို့တောင်ပြောလို့ရတယ်နော်....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။