အားလုံးရဲ့ အချစ်တော် မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ သိမ်မွေ့တဲ့အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေပြန်သူလေးပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သူမကတော့ ချစ်တဲ့ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားလေးလည်း ပြောထားပါသေးတယ်..။

“နှစ်သစ်မှာ သတ္တဝါများ အားလုံး ကျန်းမာ ချမ်းသာ ပြီး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေရှင်..” ဆိုပြီး နှစ်သစ်ဆုတောင်းစကားပြောထားတာ ဖြစ်ပါတယ်..။

မြန်မာတို့ရဲ့နှစ်သစ်အချိန်အခါလေးမှာ ပုဇွန်တောင် ရေကျော်မှာရှိတဲ့ ရွှေဘုန်းပွင့်စေတီတော်မှာ ဘုရားဖူးကုသိုလ်ယူရင်း ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားလေးပြောလိုက်တာ ဖြစ်ပါတယ်..။

ဘုရားဖူးဓာတ်ဖမ်းထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ ရိုးရှင်းအေးချမ်းတဲ့အလှတရားလေးတွေကို ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေအမြဲအချစ်ပိုစေရတာပဲ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သူမကတော့ လတ်တလောမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ် သူမပါဝင်သရုပ်ဆောင်ထားတဲ့ မိုးကောင်းကင်အိပ်မက်ဇာတ်လမ်းတွဲလေးဟာလည်း MRTV-4 ရုပ်သံလိင်းကနေ မကြာခင်မှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်..။

Photo - ပိုးကြာဖြူခင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။