ဧပြီ ၁၇ ရက် (မြန်မာ့နှစ်ဆန်း ၁ ရက်နေ့) နံနက် ၅ နာရီအချိန်၊ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့တွင် ရှမ်းရိုးရာ ဓလေ့နှစ်ဦး သဲပုံစေတီပူဇော်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ (၄၅၃) ကြိမ်မြောက် အဖြစ်ကျင်းပတဲ့ သဲပုံစေတီ ပူဇော်ပွဲကိုတော့ တွံတေးမြို့ ကျက်သရေဆောင် ဆံတော်ခြောက် ဆူကိန်းဝပ်တော်မူတဲ့ ဆံကေသာဓာတုရွှေဆံ တော် စေတီတော်မြတ်ကြီးရဲ့ အရှေ့ဘက် ရင်ပြင်တော်တွင် ပြုလုပ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ 

သဲပုံစေတီ ပူဇော်ပွဲအတွက် နံနက် ၅ နာရီမှ စတင်ကာ လုပ်အားဒါနပြုသူများက သဲများ သယ်ဆောင်ပြီး ရှမ်းရွာ လေးရွာဖြစ်တဲ့ ရှမ်းစုကြီး၊ ညောင်တံခါး၊ ငါး ခုမ်းမစမ်း၊ မူးလမန်းရွာများက ဦးဆောင်၍ နှစ်ဦးသဲပုံ စေတီတည် ထားပူဇော်ခဲ့ကြပါတယ်။ အဆိုပါ ရှမ်းရွာလေးရွာက ဦးဆောင် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံ စေတီ ပူဇော်ပွဲကိုနှစ် စဉ်ကျင်းပ ခဲ့တာပဲ ဖြစ်ပါတယ်။ယခုနှစ်မှာတော့ ရှမ်းစုကြီးကျေးရွာက ရာဇမတ်၊ မူးလမန်းကျေးရွာက ဂွေ ငါးဂွေ၊ ငါးခုမ်းမစမ်း ကျေးရွာက ခေါင်းလောင်းနှင့် ကြာမှောက်ကြာလန်၊ ငှက်ပျောဖူး၊ ညောင်တံခါးကကျေးရွာက ထီးတော်တို့ကို ပြုလုပ်ပြီး စေတီတည်ထားကြောင်းနှင့် စေတီအစိတ် အပိုင်းများကို ကျေးရွာများက နှစ်စဉ် အလှည့်ကျဆောင် ရွက်ကြရကြောင်း တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြခံအရသိရပါတယ်။  

ရှမ်းလေးရွာတွင် ပြုလုပ်ကျင်းပတဲ့ နှစ်ဦးသဲပုံစေတီတော် ပူဇော်ပွဲကိုတော့ ရိုးရာဓလေ့ မပျောက်ပျက်စေရန် လူငယ်များက ဆက်လက်ဆောင်ရွက်လာခဲ့တာ (၄၅၃) ကြိမ်မြောက်ဖြစ်ခဲ့ပြီပဲ ဖြစ်ပါတယ်။သဲပုံစေတီရဲ့ အ တိုင်းအတာများကို ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ (တွံတေး)ကသတ်မှတ် ပေးထားတဲ့အတိုင်း ရှမ်းလေးရွာက ဆောင်ရွှက်ရပြီး သဲပုံစေတီ၏ဉာဏ်တော်အမြင့်မှာ ကိုးတောင်ဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ်တွင် ရွှေဆံ တော်စေတီခြေရင်း၌ ရှမ်းဓမ္မာရုံကို အသစ်တည်ဆောက်ထားကာ ရှမ်းရိုးရာ၊ စာပေ၊ ယဉ် ကျေးမှု၊ ဓလေ့စ ရိုက်များ မပပျောက်စေရေးအတွက် နောင်လာနောက်သားများအား ရှမ်းစာပေများ သင် ကြားပေးနေပြီ ဖြစ် ကြောင်း သဲပုံစေတီပူဇော်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။