နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းရဲ့ အမဖြစ်သူ နှင်းဝတ်ရည်သောင်း တစ်ယောက် ငုဝါပန်းတွေနဲ့ အလှကြီးလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို Facebook မှာတင် ထားတာပဲဖြစ်ပါတယ်။ ညီမနှစ်ယောက်အတူတူ အနုပညာလုပ်ငန်းတွေလုပ်ကိုင်ခဲ့ကြပြီး လက်ရှိမှာတော့ မအေးသောင်းတစ်ယောက်တည်းသာ အနုပညာလှုပ်ရှားမှုတွေရှိ နေပြီး သူမအနေနဲ့ကတော့ အင်္ဂလန်နိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့ အတူနေထိုင်ရင်း ဘဝကို အေးအေးလူလူဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

သူမရဲ့အိမ်ပြန်ခရီးကို သူမရဲ့မိခင်ဖြစ်သူဟာ ဝမ်းသာပီတိမျက်ရည်တွေနဲ့ ဆီးကြိုခဲ့တဲ့ ကြည်နူး စရာ Video File လေးကို မအေးသောင်းက " အမေ " ဆိုပြီး Facebook မှာတင် လိုက်တာ ပဲဖြစ်ပါတယ်။ ကြည့်ရှုသူပရိတ်သတ်တွေဟာလည်း ကြည်နူးမှုတွေအတူ ဝမ်းနည်းဝမ်းသာ ခံစားမှုကို ခံစားရကြောင်း ပြောဆိုခဲ့ကြပါတယ်။ အနုပညာလုပ်ငန်းတွေကို ပြန်လုပ်ဖြစ်မယ် မလုပ်ဖြစ်ဘူးဆိုတာ သူမအနေနဲ့ မသေချာသေးဘူးလို့ ဆိုပါတယ်။

ဘယ်အချိန်ကြည့်ကြည့် လှပမှုတွေနဲ့ ပြည့်စုံနေတဲ့ နှင်းဝတ်ရည်သောင်းရဲ့ပုံရိပ်တွေဟာ ယနေ့ထက်တိုင် ပရိတ်သတ်တွေကို ဖမ်းစားနိုင်တုန်းပါပဲ။ မြန်မာပြည်နဲ့အချိန်ကြာကြာခွဲနေ ခဲ့ရပြီး အခုလိုပြန်ရောက်လာတော့လည်း မြန်မာ့အငွေ့အသက်တွေနဲ့ အပျော်ကြီးပျော်နေတဲ့ သူမရဲ့ ပုံရိပ်တွေက ကြည့်မဝနိုင်အောင် လှလွန်းနေပါတယ်။ ရင့်ကျက်တဲ့အလှတရားတွေ နဲ့ လှလွန်းသူလေး နှင်းဝတ်ရည်သောင်းရဲ့ ပုံရိပ်တွေ့ို ပရိတ်သတ်ကြီးအတွက် တင်ဆက် ပေးလိုက်ပါတယ်။

Photo - Aye Thaung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။