အမြဲသူမတူတဲဖက်ရှင်တွေ၊ဖျော်ဖြေမှုတွေနဲ့ ပရိသတ်ကိုဖမ်းစားနိုင်တဲ့ နိုင်ငံကျော်တေးသံရှင် အားတီ က သူ့ရဲ့အလန်းစားပုံတွေကို သူ့ကိုယ်ပိုင် facebook စာမျက်နှာပေါ် ကနေ မျှဝေပေးခဲ့ပါတယ်။ 

ဒီလို စတိုင်အရမ်းမိပြီး ဖက်ရှင်ကျကျ ပုံတွေကို မြင်ကွင်း Magazine အတွက်ရိုက်ကူးပေးခဲ့တာြ့ဖစ်ပါတယ်။ဓါတ်ပုံ အောင်ကျော်ထွန်း နဲ့ စတိုင်လစ် ဝေမင်းကျော်ဦး တို့ က ပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။

လတ်တလောမှာ အားတီက ကိုကာကိုလာရဲဲ့ Summer Oasis ပွဲမှာ ပါဝင်ဖျော်ဖြေခဲ့ပြီး မြူးကြွသွက်လက်တဲ့ Performance များ ကို တင်ဆက်နိုင်ဖို့ လေ့ကျင့်ခန်းများ ကိုလည်း မှန်မှန် ပြုလုပ်နေပါတယ်တဲ့ ။ ပရိသတ် ကို အပ်ချလောင်း ဖျော်ေ့ဖြမှု တွေတင် ဆက်ပေးနိုင်အောင် အားပေးစကားလေးများပြောသွားကြပါဦးနော်။

Source - Thi Ha Tun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။