လူနာတင်ယာဉ် နှင့် အပြိုင်မောင်းတဲ့ကားတိမ်းမှောက်မှု့

မြင်မြတ်စေတနာပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့်

ကိုယ်ဝန်ဆောင်လူနာ တဦးအား အရေးပေါ် ခွဲစိတ် မွေးဖွားရန် အင်းစိန်ဆေးရုံကြီးသို့ ယနေ့ ညနေ ၁ရး၁၅ အချိန်ခန့်က အမှတ်၄လမ်းမကြီး အတိုင်း မောင်းနှင် ပို့ဆောင််ခဲ့သည်။

ထိုသို့ ပို့ဆောင်ရန််မောင်းနှင်လာရာ ကျောက်ပုန်း ကျေးရွာ အလွန်တွင် ခရီးသည်တင် တက္ကစီယာဉ် တစီးမှ လူနာတင်ယာဉ်အား ယှဉ်ပြိုင်မောင်းနှင် ကျော်တက်မည် ပြုစဉ် ရုတ်တရက် တာယာ ပွင့်ထွက် ကာ လမ်းမကြီး၏ လက်ဝဲဘက်သို့ ထိုးကျ တိမ်းမှောက် သွားသဖြင့် လိုအပ်သည့်အရေးပေါ် အကူအညီများ ပေးရန် လူနာတင်ယာဉ် အမှတ် ၁ မှ သတင်း ပေးပို့ခဲ့သည်။

အဆိုပါသတင်းရလျှင် ရခြင်း ဦးစောအာမုန် ဦးဆောင် သော အဖွဲ့မှ လူနာတင်ယာဉ်အမှတ် ၂ ဖြင့် အကူအညီ ပေးနိုင်ရန် ချက်ခြင်းထွက်ခွာသွားကြောင်း ကနဦး သတင်း ရရှိသည်။

မြင့်မြတ်စေတနာပရဟိတအသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။