နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နဲ့ Sexy Model သင်ဇာဝင့်ကျော် တစ်ယောက် ပြင်ဦးလွင်မြို့ကိုရောက်ရှိလို့နေပါတယ်။ ပြင်ဦးလွင်မြို့ရောက်ရှိခိုက်သင်ဇာဝင့်ကျော်က ရဲရဲတောက် နွေရာသီဖက်ရှင် ပုံစံလေးနဲ့ ဓါတ်ပုံရိုက်ကူး ခဲ့တာဘဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ဟာ ဖက်ရှင်စတိုင် ကျတဲ့ ဝတ်စားပုံတွေကြောင့်သာမကဘဲ သူမရဲ့Sexy အပြင်းစားရိုက်ချက်တွေကြောင့်လည်း ပုရိသပရိတ်သတ်တွေအကြား ရေပန်းစားသူတစ်ယောက်ပါ ။

ခရီးသွားရတာကို ပျော်မွေ့သူလေးတစ်ယောက် ရောက်လေရာနေရာမှာ မှတ်တမ်းတင်ရတာကြိုက်မယ်ဆိုတာကလည်း အသေအချာပါဘဲ ။ ညောင်ပင်ကြီးတောင် သင်ဇာ အလှကို ပံ့ပိုးပေးနေရတာ ပုံလေးတွေက သက်သေပါ။ လှပတဲ့အနုပညာရှင်တွေဆိုတော့ အမိအရရိုက်လိုက်တဲ့ပုံတွေက တစ်ပုံဆိုရင် တစ်ပုံ ရင်ကိုလာထိမှန်စေမှာ ကတော့ အထူးပြောစရာမလိုလောက်ပါဘူးနော်။

လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုဆောင်ရွက်နေတဲ့သူမတစ်ယောက် မကြာခင်မှာ ရုံတင်ပြသတော့မယ့် ရုပ်ရှင်ကားကြီးတွေဖြစ်တဲ့ မုန်းလို့ရရင်မုန်းချင်တယ် နဲ့ မတစ်ထောင်တစ်ကောင်ဘွားဇာတ်လမ်းတွေအတွက်လည်းရင်ခုန်နေပါတယ်တဲ့။ သင်ဇာ ရဲ့ပြင်းရှရှပုံလေးတွေကို အားပေးကြပါဦးနော်။

Source - Thinzar Wint Kyaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။