အဝင်းကတော့ပရိသတ်တွေအကြားမှာ ချစ်စရာကောင်းလောက်တဲ့ အမူအရာလေးတွေကြောင့် ချစ်မွှေးပါသူလေးတစ်ယောက်ပေါ့။မြန်မာအဝင်းလို့နာမည်ကြီးသူလေး မော်ဒယ်သရုပ်ဆောင်Tyron Bejay တစ်ယောက် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ MTV တစ်ပုဒ် ရိုက်ကူးနေပါတယ်။  အဝင်း က ထိုင်းမင်းသားလေးနဲ့တူထင်ပါရဲ့၊Noahproduction ကနေ အဝင်းကို ထိုင်းလှပျိုဖြူတွေနဲ့အတူ အဆိုတော်Kaw Kawရဲ့ ပေးဆပ်အချစ်MTV ကိုရိုက်ကူးပေးနေပါတယ်။

MTVရိုက်ကူးတဲ့အမှတ်တရ တွေကို အဝင်း ကသူ့ရဲ့ Offical Facebook Account ကနေ မျှဝေခဲ့ပါတယ်။ တလက်စတည်း ဇာတ်ကွက်သဘောအရ ကုတင်ပေါ်က သရုပ်ဆောင်ချက်တချို့အတွက်လည်းပရိသတ်ကိုအခုလို တောင်းပန်ထားပါတယ်။ကျွန်တော့်ဘဝမှာ ပထမဆုံး အတွေ့ကြုံတွေနဲ့ ပထမဆုံး ရိုက်ကူးဖူးတဲ့ ပုံစံ mtv တစ်ပုဒ်ပါ အမြင်မတော်တာရှိရင်သရုပ်ဆောင်ဆိုတဲ့နားလည်မှု့လေးနဲ့ဖြည့်တွေပေးကြဖို့မေတ္တာရပ်ခံပါတယ် တဲ့။ 

အဝင်းတစ်ယောက် ကို ဘယ်လိုနေနေချစ်ဖို့ကောင်းနေကြတော့ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ က အဝင်းရဲ့ အခုလို သရုပ်ဆောင်မှုတွေကို ခွင့်လွှတ်ပေးနိုင်လောက်ပါရဲ့။ အဝင်း က အစားတလိုင်းဖြစ်တဲ့အတွက် ထိုင်းနိုင်ငံက အစားအသောက်တွေကို စားရင်း အနားယူနေမှာအသေအချာပါ။ ပရိသတ်ကြီးရေTyron Bejay @ အဝင်းရဲ့ ပထမဦးဆုံး MTVစတိုင်အသစ်လေးအတွက် အားပေးစကားလေးပြောပေးကြရအောင်လား။

Source-  Tyron Bejay (တိုင်ရွန် အဝင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။