သရုပ်ဆောင်ကျော်ဇင်ထွဋ်ကတော့ လူမုန်းများတဲ့ ကြမ်းကြမ်းတမ်းတမ်းအက်ရှင်၊ဇာတ်ကြမ်းတွေနဲ့ ဗီလိန် ဇာတ်ရုပ်တွေ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းကို အပီပြင်နိုင်လွန်းအောင် သရုပ်ဆောင်နိုင်တဲ့ ထူးချွန်ဇတ်ပို့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ပိတ်ကားအထက်မှာသာ လူမုန်များတဲ့ ဗီလိန်ဇာတ်ရုပ်တွေက သရုပ်ဆောင် ပေမယ့် တကယ်လက်တွေ့ဘဝမှာတော့ ဘာသားတရားအရမ်းကိုကိုင်းရှိုင်းပြီး မိသားစုအပေါ်အရမ်းချစ်တက် တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ 

ချစ်စရတဲ့ဇနီးသည်ရယ်၊ချစ်ရတဲ့သမီးလေနှစ်ယောက်ရယ်နဲ့ သူတက်ကျွမ်းတဲ့အနုပညာ အလုပ်တွေကိုရိုးသားစွာ လုပ်ကိုင်စားသောက်ရင်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း ကျော်ဇင်ထွဋ်ရဲ့သမီး ငယ်လေးကြောင့် ရေတွက်မရနိုင်တဲ့ ပီတီအပြုံးလေးတွေ ဝေခဲ့ရပါတယ်။အကြောင်းကတော့ ယနေ့ခေတ်များ ကျောင်းသားကလေးငယ်တွေ အားလုံးနီးပါး ကျူရှင်ယူနေကြတဲ့ အချိန်မှာ ကျော်ဇင်ထွဋ်ရဲ့သမီးငယ်လေးက တော့ ကျူရှင်မယူပဲ (၆)တန်းစာမေးပွဲကြီးကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

သူရဲ့လူမှုကွန်ယက်မှာလည်း “22-4-2018၆တန်း စာမေးပွဲကြီး ကို ခုခေတ် ရမ်းခေတ်စားနေတဲ့ ကျူရှင်မယူပဲ အောင်သွားပြန်လို့ သူ့ဖေဖေ ရန်ကုန်ဖေချစ်ကျော် ဇင်ထွဋ်လေးမှသူ့သမီးငယ်လေးဖေချစ်Oh-oလေးကို၊ အာ ဘွား၊မြောက်များစွာပေးပြီး ဂုဏ်ပြုကြိုဆိုနေပုံ အမှတ်တရ ဓါတ်ဓါတ်ဖြစ်ပါအိ” ဆိုတဲ့စာလေးကိုဂုဏ်ယူပီတီဖြစ် ခြင်များစွာရေးသားခဲ့ပါတယ်။ကြည်နူးဖို့ကောင်းလှတဲ့ သူတို့သားဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ကျော်ဇင်ထွဋ်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။