အားလုံးရဲ့အသည်းစွဲ အဆိုတော်ရဲရင့်အောင်တစ်ယောက် အသည်းတွေ ပိုးစိုးပက်စက်ကွဲနေရသလို ပရိသတ်တွေမှာလည်း သူနဲ့ထပ်တူထပ်မျှခံစားပေးခဲ့ကြပြီး အားတင်းထားဖို့ အားပေးခဲ့ကြပါတယ်။

ရဲရင့်အောင်နဲ့ မော်ဒယ်သရုပ်ဆောင် သင်ဇာနွယ်ဝင်းဟာ ချစ်သူတွေဖြစ်နေခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့လက သင်ဇာနွယ်ဝင်းဟာ အနုပညာလောကထဲကလူမဟုတ်တဲ့ သာမန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ တွဲခဲ့ပြီးနောက် အခုနောက်ပိုင်းမှာဆိုရင်တော့ လက်ထပ်ဖို့အထိ ဓာတ်ပုံတွေပါ ရိုက်နေခဲ့တာကိုတွေ့ရမှာပါ။

ပရိသတ်တွေရဲ့ အသည်းစွဲရဲရင့်အောင်ဟာ သူ့ရဲ့ Facebook အကောင့်မှာ သူခံစားရတာတွေတစ်ချို့ကို တင်ခဲ့ပါတယ်။ ဒာနဲ့ပတ်သတ်ပြီး ပရိသတ်တွေက သင်ဇာနွယ်ဝင်းအပေါ် ဝေဖန်တိုက်ခိုက်တာတွေရှိတဲ့အခါ ရဲရင့်အောင်ကနေ ပိုက်ဆံကြောင့်ယူလိုက်တာမဟုတ်ပါဘူး။ သူ့ကိုမနာကျင်စေကြပါနဲ့လို့ ရေးသားပေးခဲ့ပါတယ်။

ဒါ့အပြင် ပရိသတ်တွေကနေ ဟိုးအရင်တည်းက ရဲရင့်အောင်ရဲ့ သင်ဇာနွယ်ဝင်းအပေါ် ထားရှိခဲ့တဲ့ သူ့ခံစားချက်တွေကိုပါ ပြန်လည်မျှဝေပေးခဲ့ကြပြီး ရဲရင့်အောင်ဘက်ကနေ ထပ်တူထပ်မျှခံစားပေးလျက်ရှိကြပါတယ်။

Source : Yair Yint Aung Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။