မိုးတိမ်ကဗျာ သီချင်းလေးနဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားသူကတော့ ဟစ်ဟော့အဆိုတော် ယုန်လေးဖြစ်ပါတယ်။

ယုန်လေးကတော့ ကိုယ်တိုင်ရေးကိုယ်တိုင်ဆို ရက်ပ် သီချင်းအလန်းလေးတွေနဲ့ လူငယ်ထုကြားမှာ ထိုးဖောက်အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူး။

လက်တလောမှာတော့ ယုန်လေးတစ်ယောက် ကိုယ့်သမိုင်းကိုယ်ရေးကြသူများ(၃) ရုပ်ရှင်ကားကြီးအတွက် ပြင်ဆင်ရိုက်ကူးနေပြီလို့သိရပါတယ်။

လက်ရှိရိုက်ကူးနေဆဲ ဇာတ်ကားမှာတော့ ယုန်လေးအပါဝင် နာမည်ကြီးဟစ်ဟော့အဆိုတော်တွေဖြစ်တဲ့ Ice Cold , Nine One , သားသား ၊ထက်ယံ ၊ ဥဂ္ဂါ တို့က ပါဝင်မှာဖြစ်ပြီး သူတို့ရဲ့ ငယ်ဘဝဇာတ်ကောင်နေရာမှာ အထက(၂) လမ်းမတော်ကျောင်းက ကျောင်းသားလေးတွေကို အစားထိုးရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။

ရုပ်ချင်းဆင်သလောက်ကို အတတ်နိုင်ဆုံးရွေးချယ်ထားပုံပေါ်တာမို့ ကျောင်းသားလေးတွေနဲ့ ယုန်လေးတို့အဖွဲ့သားတွေနဲ့ ဘာတွေကွာခြားလဲ တူနေလဲဆိုတာ ပရိသတ်ကြီး သေချာကြည့်လိုက်ပါဦးနော်။

အထက(၂)လမ်းမတော်ဟာ ယုန်လေးငယ်စဉ်က တက်ခဲ့ဖူးတဲ့ ကျောင်းကြီးမို့ ယုန်လေးကတော့ ပျော်ရွှင်နေပုံရပါတယ်။

လူမှုကွန်ရက်မှာ မျှဝေထားတဲ့ သူတို့ရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်။ 

Source : KyawPhone Aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။