လက်တလော ပြည်တွင်းပြဿနာတွေထဲက တစ်ခုပါဝင်နေတဲ့ ရခိုင်ပြည်တွင်းအစ္စလာမ်လူမျိုးအချို့ရဲ့နေရပ်စွန့်ခွာမှုတွေလည်း ပါဝင်နေကြောင်းသိရပါတယ်။ ဒီကနေ့ ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်ကျေးရွာနေ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ခုနစ်စုမှ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၄၆ ဦးသည် တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် မောင်တောမြို့နယ် မှိုဝင်ချောင်းဝကင်းစခန်း အနီး နေရပ်စွန့်ခွာရောက်ရှိလာကြပြီး ၎င်းတို့၏ သဘောဆန္ဒအရ နေရပ်သို့ ပြန်သွားလိုကြောင်း သက်ဆိုင်ရာဌာ နအဖွဲ့အစည်းများသို့ အကြောင်းကြား သတင်းပို့လာခဲ့ကြောင်း သိရပါတယ်။

ထိုသို့ သတင်းပေးပို့မှုကြောင့် ယနေ့မွန်းလွဲပိုင်းတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ မောင်တောခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး၊ မောင်တောမြို့နယ် မြင်းလွတ်မြို့ အုပ်ချုပ်ရေးမှူး ဦးဇာနည်ထွန်းတို့က ၎င်းတို့အား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ထို့နောက်၎င်းအိမ်ထောင်စုအလိုက် ရိက္ခာဆန်များကို လတ်တလော ထောက်ပံ့ပေးအပ်ခဲ့ပြီး နေရပ်စွန့်ခွာသူများအား မောင်တော-ဘူးသီးတောင် ကားလမ်းအတိုင်း ပြန်လည်ခေါ်ဆောင်ကာ ညနေပိုင်းတွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း အမှတ် (၁ဝ)နယ်မြေစခန်း၌ ရသေ့တောင်မြို့နယ်မှ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက စောင့်ကြို၍ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါနေရပ်စွန့်ခွာသူများအား စက်လှေ ဖြင့် ၎င်းတို့၏နေရပ်သို့ ချောမောစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အစ္စလာမ်ဘာသာဝင်များအား ပြည်တွင်းပြန်လည်လက်ခံခွင့်ပေးထားသော်လည်း ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။