ဘယ်သူမဆို နှလုံးရောဂါ ဖြစ်နိုင်တဲ့အပြင် တစ်ခါတစ်ရံ ရောဂါ လက္ခဏာများ မပြဘဲ နှလုံးရောဂါ ခံစားနေရတာမျိုးလည်း ရှိနေပါတယ်။ နှလုံးရောဂါက ပေါ့ဆသင့်တဲ့ ရောဂါ တစ်ခု မဟုတ်တာကြောင့် မိမိကိုယ်ကိုယ် ကျန်းမာရေး ဂရုစိုက်ဖို့ အထူး လိုအပ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများတွင် နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒ့ါကြောင့် နှလုံးရောဂါနှင့်ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ်။ သို့သော် သွေးတွင်း သကြားဓါတ်များနေသူများ (အထူးသဖြင့် ဆီးချိုရောဂါရှင်များ)တွင် နှလုံးရောဂါ လက္ခဏာ အနည်းငယ် သို့မဟုတ် လုံးဝမပြဘဲ နှလုံးရောဂါ ဖြစ်နေတတ်ပါတယ်။

နှလုံးရောဂါရဲ့ လက္ခဏာ အများစုမှာ -

- ရင်ဘတ်အလယ် တည့်တည့်တွင် မိနစ်အနည်းငယ်ထက်ပို၍ မသက်မသာခံစားရခြင်း

- ရင်ဘတ် အလယ်တွင် မသက်မသာဖြစ်ခြင်း၊ ပျောက်သွားပြီးမှ ပြန်ပေါ်လာလိုက်ဖြစ်ခြင်း

- လက်နှစ်ဖက်လုံး (သို့) တစ်ဖက်၊ လည်ပင်း၊ မေးရိုး (သို့) အစာအိမ်နေရာတွင် နာကျင်သည်ဟုခံစားရခြင်း

- ရင်ဘတ်မသက်မသာဖြစ်ခြင်း

- တစ်ခါတစ်ရံတွင် အနည်းငယ်မျှ နာကျင်ခြင်း

- ရုတ်တရက် ပြင်းထန်စွာ နှလုံးထိုးအောင့်ခြင်း … စတာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ပုံမှန်ကြုံနေကျ မဟုတ်သော ခန္ဓာကိုယ်တွင်းခံစားမှုများမှာ -

- ဇောချွေးပြန်ခြင်း

- မူးမော်ခြင်း

- အားနည်းသလိုခံစားရခြင်း

- အလွန်မောပန်းနွမ်းနယ်ခြင်း

- ပြိုလဲတော့မလို ခံစားရခြင်း

- မအီမသာဖြစ်ခြင်း

- အသက်ရှုမဝခြင်း

- ပျို့ခြင်း

- အန်ခြင်း

- အလွယ်တကူ မောပန်းလွယ်ခြင်း

- ကျောဘက်၊ ပခုံးနှင့် မေးရိုးများ နာကျင်ခြင်း - တို့ ဖြစ်တတ်ပါတယ်။

နှလုံးရောဂါထလာတဲ့အခါ ချက်ချင်းဆိုသလို လူနာအတွက် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါ ထလာပြီလို့ သံသယ ရှိရင် အနားမှာ လူတစ်ယောက် ထားစေခြင်း၊ လူနာတင်ယဉ် အဆင့်သင့်ခေါ်ထားခြင်း တို့ကို ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ နှလုံးရောဂါကို လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လျှော့ချပေးနိုင်သော်လည်း အန္တရာယ်ကင်းသောလေ့ကျင့်ခန်းမျိုးဖြစ်စေရန် ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။ နှလုံးကျန်းမာရေး အထောက်အကူပြုစေမယ့် လေ့ကျင့်ခန်းများကို မိမိ၏ ကိုယ်ပိုင်သဘောဖြင့် ဘယ်လေ့ကျင့်ခန်းမျိုးကိုမှ မလုပ်သင့်ပါ။ တချိူ့သောသူများတွင် ရောဂါလက္ခဏာများလုံးဝမတွေ့ရဘဲ တိတ်တဆိတ်နှလုံးရောဂါ (တိတ်တဆိတ်နှလုံးတိုက်ခိုက်မှု) များ ဖြစ်နေတတ်ကြောင်းကိုလည်း အသိပေးချင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - rd.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။