ပရိသတ်ကြီးအချစ်တော်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ လတ်တလောမှာအောင်မြင်ကျော်ကြားနေတဲ့အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။

သီချင်းအေးအေးလေးတွေကိုသီဆိုတက်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်တွေက ပရိသတ်ကိုဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။

ယခုအခါမှာတော့ သူမရဲ့လူမှုကွန်ယက်ပေါ်မှာတင်ထားတဲ့ စာသားလေးတွေကို ပရိသတ်တွေအတွေက်မျှဝေပေးလိုက်ရပါတယ်။

မကြာသေးမှီကပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ရှိုးပွဲကြီးမှာလည်း ပရိသတ်တွေ တခဲနက်အားပေးမှုတွေရရှိခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။

သူမကတော့ပရိသတ်တွေအတွက် စာသားလေးတွေနဲ့ ဓာတ်ပုံလေးတွေအမြဲတင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်။

ယခုအခါမှာလည်း သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ဒီနေ့ မှန်တယ် ထင်တာတွေက နက်ဖြန် ကြတော့ မှားနေတတ်တော့.....

ဘယ်အရာကို အလုံးစုံ ယုံကြည်ရမှာလဲ....

မသေချာတဲ့ မနက်ဖြန် တွေအတွက် ဒီနေ့မှာတော့ပျော်အောင်နေမယ်....

ကိုယ့်ချစ်ရတဲ့သူတွေလည်း နက်ဖြန်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာစေနိုင်တယ်ဆို....

လက်ရှိအချိန်မှာပဲ တန်ဖိုးထား ပိုပိုပြီး ချစ်ပေါ့.."ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့လည်း နီနီခင်ဇော်ရဲ့သီချင်းအေးအေးလေးတွေကတော့ ပရိသတ်တွေရင်ထဲ ထိရှစေခဲ့တာအမှန်ပါပဲ။

တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေအားပေးချစ်ခင်မှုတွေ အခိုင်အမာရရှိထားတဲ့သူမကတော့

သီချင်းတိုင်းလိုလိုကလည်း ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပြီး တေးသီချင်းတော်တော်များများကလည်း ပေါက်ခဲ့ပါတယ်။

ယခုလို စာသားလေးတွေတင်ထားလေ့ရှိတဲ့ နီနီခင်ဇော်အတွက် အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်..........

သတင်းအရင်းအမြစ်-နီနီခင်ဇော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။