ဂီတလောကမှာ အောင်မြင်တဲ့ ဟစ်ဟော့အဆိုတော်နှစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ယုန်လေးကတော့ သူတို့ရဲ့ အမိုက်စားသီချင်းတွေနဲ့အတူ ဒီနေ့အချိန်ထိ ပရိသတ်အားပေးမှုရရှိနေသူတွေဖြစ်ပါတယ်။

အဆိုတော် ယုန်လေးကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကို အတုယူပြီး လေးစားအားကျကြောင်းကို အခုလိုပဲ ချီးမွမ်းခန်း ဖွင့်လိုက်တာပါ။

“ကိုစိုင်းလို တစ်ဝက်လေးလိမ်မာအသိညာဏ်ရှိရင် ငါတော်တော်လေး ဒီထက်ပို နေရာတိုင်းမှာဆင်ပြေမှာ။

အနုပညာ ညီအစ်ကိုမောင်နှစ်မတွေလည်း ဒီထက်ပိုချစ်ကြမှာ ။

ယုန်လေး ယုန်လေး နာမည်ကသာ ယုန်လေး လုပ်လိုက်ရင် ယုန်နဲ့မတူတဲ့ အပေါက်တွေကြီးပဲ။

haa haa haa . အခုတော့ ကျွန်တော်လိမ်မာအောင် သည်းခံနိုင်အောင် ကြိုးစားနေပါပြီ။” လို့ရေးသားကာ လက်တလော စိုင်းစိုင်းဖြေထားတဲ့ အင်တာဗျုးဗီဒီယို ကို မျှဝေထားပါတယ်။

စိုင်းစိုင်းဟာ အဆိုပါအင်တာဗျုးမှာ သူလုပ်ခဲ့တဲ့ ရှိုးပွဲတွေမှာ ဘယ်လိုသည်းခံခဲ့လဲ ဒီနေ့အချိန်ထိအောင်မြင်မှုရအောင် ဘယ်လိုစိတ်ထားမျိုးထားပြီး နေခဲ့လဲဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။

ဂီတလောကနဲ့သရုပ်ဆောင်လောကမှာပါ ဆယ်စုနှစ်တစ်ခုကြာရပ်တည်နေခဲ့တဲ့ စိုင်းစိုင်းဟာ အသက်(၃၀)ကျော်လူပျိုကြီးတစ်ယောက်အဖြစ် ဒီနေ့အချိန်ထိ မိန်းကလေးပရိသတ်များစွာရဲ့ အားပေးဝန်းရံမှုတွေရရှိနေတာပါ။ စိုင်းစိုင်းဟာ သူ့ကိုဝေဖန်တိုက်ခိုက်သူတွေ ထရိုလာတွေ ဘယ်လောက်ပဲများများ ရိုင်းစိုင်းစွာပြန်တုန့်ပြန်ခဲ့ခြင်းမရှိပဲ ပရိသတ်တွေကို လေးစားတဲ့သူတစ်ယောက်ဖြစ်တာမို့ သူ့ရဲ့ နေထိုင်မှုစရိုက်ဟာ လေးစားအတုယူဖို့ကောင်းပါတယ်။

ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ အဆိုတော်ယုန်လေးကတော့ စိုင်းစိုင်းကို ချီးကျုးစကားတွေဆိုခဲ့တာပဲဖြစ်ပါတယ်။

Source : Kyaw Phone Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။