ကလေးဘဝထဲက ပရိသတ်အချစ်တွေရရှိခဲ့တဲ့ သရုပ်ဆောင်အိစိကွေးကတော့ ဒီနေ့မှာ မီးငြိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့နဲ့ ဝန်ထမ်းတွေရှိရာ လှိုင်သာယာမြို့နယ်ထိန်ပင်အမှိုုက်ပုံကို သွားရောက်ကာ လိုအပ်တဲ့အစားအသောက်အထောက်ပံတွေလှုဒါန်းခဲ့တယ်လို့ သိရပါတယ်  

ချစ်စရာကောင်းတဲ့ ကလေးသရုပ်ဆောင်လေး အိစိကွေးကတော့ လက်တလောမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပြီး အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတာဖြစ်ပါတယ်

ဒီနေ့ ဧပြီလ(၂၅)ရက်နေ့မှာတော့ အိစိကွေးက ကိုယ်တိုင်ကိုယ်ကျ နေပူပူထဲမှာ မီးသတ်ဝန်ထမ်းတွေအတွက် လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေသွားရောက်လှုဒါန်းရင်း ပစ္စည်းတွေသယ်နေတာကို လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။

စိတ်ထားမွန်မြတ်တဲ့ အိစိကွေးကတော့ ကလေးပီပီ ဟန်ချီချီပဲ ပေါ့ပါးသွက်လက်နေပြီး အခုလို ကူညီခွင့်ရတာကို ပျော်ရွှင်ပီတိဖြစ်နေတာကိုတွေ့မြင်ရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း အိစိကွေးတစ်ယောက် ရွှေတိဂုံဘုရားသွားဖူးရင်း ကုသိုလ်ယူခဲ့တဲ့ ပုံလေးတွေကို မျှဝေထားပါတယ်။

“တနင်္ဂနွေနေ့

သက်သက်လွတ်စား

ဘုရားသွား” လို့ ရေးကာ သူ့ရဲ့ ရွှေတိဂုံဘုရားရောက်ပုံလေးတွေကို မျှဝေထားပါတယ်။

သရုပ်ဆောင်အိစိကွေး ဟာ အသက်(၄)နှစ်ကထဲက အနုပညာလောကထဲကို ပထမဆုံးကြော်ငြာရိုက်ကူးရင်း ခြေချခဲ့တာဖြစ်ပြီး ကလေးသရုပ်ဆောင်နေရာက ရုပ်ရှင်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။လက်ရှိအချိန်မှာ တက္ကသိုလ်ကျောင်းသားကြီးဖြစ်သွားတဲ့ အိစိကွေးကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီး လူကြီးလူငယ်မရွေးပရိသတ်တိုင်းရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

အိစိကွေးကတော့ လက်ရှိဆယ်ကျော်သက်အရွယ်မှာ ကြော်ငြာနဲ့ ဇာတ်ကားတွေရိုက်ကူးနေပြီး အားလပ်ချိန်မှာ မိသားစုသူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး အချိန်ကုန်လေ့ရှိပါတယ်။

ငယ်ငယ်လေးထဲက သရုပ်ဆောင်ပီပြင်ပြီး ချစ်စရာကောင်းခဲ့တဲ့ အိစိကွေး ဟာ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်လေးတစ်ဦးဖြစ်ပါတယ်။

Source : Eisi Kway fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။