နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ မျိုးကိုကိုစန်းတစ်ယောက် သူမရဲ့ မြန်မာဆန်တဲ့ အလှပ ဆုံးပုံရိပ်တွေကို Facebook မှာ တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေး တွေနဲ့ ပုရိသတွေကို ဖမ်းစားထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ လိင်ပြောင်း ခွဲစိတ်မှုပြုလုပ်ထားပြီး အမျိုးသမီးဘဝကို မြတ်မြတ်နိုးနိုးခံယူထားသူ လည်းဖြစ်ပါတယ်။ သူမရဲ့ ချစ်စဖွယ်အပြုံးလေးတွေက ပုံရိပ်တိုင်းမှာပါဝင်နေပြီး ပရိတ်သတ်တွေကို အပြတ်အသတ် ဆွဲဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေတိဂုံဘုရားရောက်နေတဲ့ သူမရဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေက တကယ်ကိုကြွေချင် စရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ ကတ္တီပါစိမ်း ရောင် မြန်မာဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ မျိုးကိုကိုစန်းရဲ့ပုံရိပ်တွေက ပုရိသတွေကို အပြည့်အဝဆွဲဆောင်နိုင် ခဲ့ပါတယ်။ အမျိုးသားထုကြီးရဲ့ ဝန်းရံမှုကို အပြည့်အဝရရှိနေတဲ့သူမကလည်း ပရိတ်သတ် တွေကို တလေးတစားနဲ့ပြန်ပြီး အလေးပေးဂရုစိုက်တာကိုလည်း တွေ့ရပါတယ်။ ချစ်စရာ ကောင်းတဲ့ အပြုံးလေးတွေကတော့ သူမရဲ့ချွင်းချက်တစ်ခုပါပဲ။

သူမရဲ့ မြန်မာဆန်ဆန်ပုံရိပ်တွေကို " အသက်က ၂၃ပေမဲ့ ဒီလိုပုံစံလေးဆိုရင်ရော မမဖြစ်ခွင့် ရှိလား" ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အသက် နှစ်ဆယ်ကျော် တည်ငြိမ်တဲ့အရွယ်တစ်ခု ကိုရောက်ရှိနေတဲ့ သူမရဲ့တည်တည်ငြိမ်ငြိမ်အလှလေးက တကယ်ကိုကြွေချင်စရာပါပဲ။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်ထားတဲ့ မျိုးကိုကိုစန်းရဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်။

Photo - Myo KoKo San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။