မြန်မာနိုင်ငံရဲ့ hip hop ဂီတလောကဘက်မှာတော့ စိုင်းစိုင်းခမ်းလှိုင် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ လူအများလေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ hip hop ဂီတမတွင်ကျယ်မီ အချိန်ထဲက ရေကုန်ရေခမ်း ကြိုးစားခဲ့ပြီး မလျှော့သောဇွဲလုံလတို့နဲ့ ရှေ့ဆက်ခဲ့တာကြောင့် ယခုအချိန်မှာတော့ စိုင်းစိုင်းဆိုတာနဲ့ မသိတဲ့ပရိတ်သတ် မရှိသလောက်ပါပဲ။

ဒီကနေ့မှာဆိုရင်လည်း စိုင်းစိုင်းဟာ သူစတင်ဖြတ်သန်းလာစဉ် အချိန်ထဲက ယခုအချိန်ထိ သေသေချာသိမ်းစည်းထားခဲ့တဲ့ အမှတ်တရ ဓတ်ပုံအယ်ဘန်လေးတစ်ခုကို ပရိတ်သတ်တွေမြင်ခံစားနိုင်စေဖို့အတွက် သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ဖြန့်ဝေပေးခဲ့ပါတယ်။ ထိုအယ်ဘန်လေးအတွင်းမှာတော့ ပရိတ်သတ်တွေနဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေများစွာပါဝင်နေပြီး ထိုဓာတ်ပုံလေးတွေရဲ့ဘေးမှာတော့ အမှတ်တရ ရေးသားထားတဲ့ စာလေးတွေများစွာလည်းပါဝင်နေတာတွေ့ရပါတယ်။

စိုင်းစိုင်းကတော့ ဂီတလောကမှာ အရမ်းအောင်မြင်လှတဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပေမယ့် ကျေးဇူးရှင်ပရိတ်သတ်တွေနဲ့ အမှတ်တရတွေကို အခုလို တလေးတစားသိမ်းဆည်းထားပုံလေးကတော့ လေးစားစရာကောင်းလှပါတယ်။ပရိတ်သတ်တွေအားပေးနှစ်သက်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ထိုအယ်ဘန်လေးထဲမှာလည်း ပရိတ်သတ်တွေရဲ့ ပုံရိပ်လေးတွေ ပါဝင်နေလည်း ပြောပြခဲ့ကြဦးနော်။ Myanmarload ပရိတ်သတ်ကြီး တွေ့မြင်နိုင်စေဖို့အတွက်လည်း စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင်ထုတ်ပြခဲ့တဲ့ ထိုဓာတ်ပုံအယ်ဘန်လေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

source - Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။