ဆံပင်က နေနဲ့ ထိတွေ့တဲ့အခါဖြစ်ဖြစ်၊ မသန့်ရှင်းတဲ့ ရေနဲ့ ထိတွေ့တဲ့ အခါဖြစ်ဖြစ် ဆံသားကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါ့အပြင် အပူပေး ပစ္စည်းများကို အသုံးပြုတဲ့အခါမှာလည်း ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ တစ်နေကုန် ရေနဲ့ထိအပြင် နေနဲ့ပါ ထပ်ထိတဲ့အခါ ပုံမှန် အချိန်ထက် ဆံသားကို ပိုမို ပျက်စီးစေပါတယ်။ ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာဖြစ်တာမို့ ဆံပင်ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ငွေကြေး အကုန်အကျ သက်သာစွာနဲ့ အိမ်မှာပဲ အိမ်တွင်းကုထုံးနည်းလမ်းနဲ့ ကုသနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အခုဖော်ပြမယ့် ဆံသားပေါင်းတင်နည်း ၃ မျိုးစလုံးက လွယ်ကူပြီး ထိရောက်လွန်းတာမို့ ပြုလုပ်ကြည့်ကြဖို့လည်း တိုက်တွန်းပါတယ်။

နည်းလမ်း (၁) ကြက်ဥ နှင့် သံလွင်ဆီ

သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်ဥ တစ်လုံးရဲ့ အနှစ်ကို ရောပြီး မွှေလိုက်ပါ။ ထိုအနှစ်ကို ဦးရေပြားနှင့် ဆံပင်ပေါ်လိမ်းပေးပြီး မိနစ် ၂၀ (သို့မဟုတ်) နာရီဝက် ထားပေးပါ။ ထို့နောက် ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်ကို သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။

နည်းလမ်း (၂) ကြက်ဥ နှင့် သံပရာသီး

ကြက်ဥ နှစ်လုံးရဲ့ အနှစ်ကို သမအောင် ခေါက်ပြီး သံပရာရည် လက်ဖက်ရည်ဇွန် ၂ ဇွန်းထည့်ပြီး မွှေပေးပါ။ ပျစ်နေတယ်ဆိုရင် သံပရာရည် အနည်းငယ် ထပ်ထည့်ပေးပါ။ ထိုအနှစ်အား ဦးနေပြားနဲ့ ဆံသားအဖျားတွေကို သေချာ နှံ့အောင် လိမ်းပါ။ မိနစ် ၃၀ (နာရီဝက်) ခန့် ထားပြီးနောက် ခေါင်းလျှော်လိုက်ပါ။ ထိုနည်းအတိုင်း ခေါင်းလျှော်ခါနီးတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

နည်းလမ်း (၃) ကြက်ဥ၊ သံလွင်ဆီနှင့် ပျားရည်

ကြက်ဥ ၂လုံး၏ အနှစ်ကို သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း ကို ရောသမ၍ နှံ့အောင် မွှေပါ။ ထိုအနှစ်များကို ဦးရေပြားနှင့် ဆံသားတို့အား နှံ့စပ်အောင် လိမ်းပါ။ မိနစ် ၃၀ ခန့်ထား၍ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပါ။ ထိုနည်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ဖောြ်ပပါနည်းလမ်း ၃ မျိုးလုံးတွင် ကြက်ဥ ပါဝင်ပြီး ကြက်ဥမှာ ဆံနွယ်တွေကို ပြန်လည်သန်စွမ်းစေတဲ့အပြင် ဆံသားကို တောက်ပြောင်စေတဲ့ ပရိုတင်နဲ့ ဗီတာမင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒ့ါကြောင့် ဆံကေသာ အလှအတွက် ကြက်ဥကို ရွေးချယ် အသုံးပြုဖို့ အကြံပေး တိုက်တွန်းလိုက်ပါတယ်။ အားလုံးပဲ လှပကျော့ရှင်းတဲ့ ဆံကေသာလေးတွေကိုပိုင်ဆိုင်နိုင်ပြီး လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။