နာမည်ကျော် မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်တစ်ယောက် ရေချိုးကန်ထဲက သူမရဲ့ အမိုက်စားပုံရိပ်တွေကို Facebook မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ တကယ်ကို အံ့သြမှင်သက်ဖွယ် ကောင်းတဲ့ အလှတရားတွေနဲ့ သူမရဲ့ပုံရိပ်တွေက ပရိတ်သတ်တွေကို အပြတ်အသတ်ဆွဲဆောင်နိုင်ခဲ့ ပါတယ်။ အသက်ငယ်ရွယ်ပေမယ့် သူမရဲ့အလှတရားတွေက တော့ ဖုံးဖိမရလောက်အောင်ကို ပေါ်လွင် လွန်းနေပါတယ်။

ခပ်တည်တည်အနေအထားလေးတစ်ခုမှာပဲ သူမရဲ့ပုံစံလေးက ဆွဲဆောင်မှုအပြည့်နဲ့ ကြည့် ကောင်း လွန်းနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 2017 ခုနှစ်တုန်းက Miss Grand Myanmar အဖြစ်နဲ့ Miss Grand International ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်မှုတွေပြုလုပ်ပြီး ကာမှ ကတောက်ကဆ တစ်ချို့ဖြစ်ခဲ့တာကြောင့် သူမအနေနဲ့ သွားရောက်မယှဉ်ပြိုင်တော့ပဲ အနုပညာလောကထဲကို မော်ဒယ်အဖြစ်နဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အချေဇာတ်ရုပ်တွေ သရုပ်ဆောင်ရတာကိုသဘောကျတယ်လို့လည်း သူမကဆိုပါတယ်။ သူမရဲ့ ရေချိုးကန်ထဲက အမိုက်စားပုံရိပ်တွေကို " တစ်ခါတစ်လေ အိမ်မှာရေချိုးရတာမဝရင် သူများ studio မှာသွားချိုးတယ် just another casual day for me " ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ Life Cosmetic ကြော်ငြာအတွက်ရိုက်ကူးထားတာဖြစ်ပြီး ဘယ်လိုပုံစံလေးဖြစ် မယ်ဆိုတာတော့ ပရိတ်သတ်ကြီးအတွက် ရင်ခုန်စရာအပြည့်နဲ့ စောင့်မျှော်နေရမှာပဲဖြစ်ပါ တယ်။

Photo - Shwe Eain Si's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။