မြန်မာနိုင်ငံက ပရဟိတစိတ်ထက်သန်သူအနုပညာရှင်တွေထဲ ကိုဝေဠုကျော် ကို မသိသူမရှိကြပါဘူး ။ မြန်မာနိုင်ငံမှာ ကြံုတွေ့ခဲ့တဲ့ သဘာဝဘေး စစ်ဘေး အန္တရယ်ငတာ်တော်များများမှာ ကိုယ်တိုင် ပင်ပင်ပန်းပန်း အားထုတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်တတ်သူမို့ ပရိတ်သတ်တွေ အချစ်တော် ပရဟိတ မင်းသားတစ်လက်ဖြစ်နေခဲ့တာပါ ။ လတ်တလောရန်ကုန်မှာ ဖြစ်ပွားနေတဲ့ အမှိုက်ပုံမီးလောင်မှုကြီးက ရက်ရှည်ကြာလာတာနဲ့ အမျှ မီးငြိမ်းသတ်သူမီးသတ်တပ်ဖွဲ့ဝင်တွေရော အနီးအနားက မီးခိုးဒဏ်ခံရတဲ့ ပြည်သူတွေပါ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာပါတယ် ။ ဒါကြောင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ကိုဝေဠုကျော် အဲဒီနေရာကိုရောက်အောင် သွားခဲ့တာပါ ။ 

" ဒီနေ့ ခရီးက ပြန်ရောက်ရောက်ချင်း

လှိုင်သာယာ ထိန်ပင် အမှိုက်ပုံ မီးလောင်ပြင်မှ ပင်ပင်ပမ်းပမ်း မီးငြိမ်းသတ်နေကြသော မီးသတ်ရဲဘော်များ ၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းအသီးသီးနှင့် စေတနာ့ ဝန်ထမ်းတို့အား သွားရောက်တွေ့ဆုံ အားပေးပြီး ဒဏ်ရာရ လူနာနှင့် မီးခိုးမွှန်သော ရဲဘော်တို့အား မျက်စဉ်းဆေးများ ၊N95 Mark များ လှူဒါန်းပေးကာ နိုင်သလောက်လေး ဝိုင်းဝန်း ကူညီပေးခဲ့ပါသည်။ " ဆိုတဲ့စာလေးနဲ့ သူ့ရဲ့ မီးလောင်ပြင်က မှတ်တမ်းပုံရိပ်တွေကို ပရိတ်သတ်တွေ အတွက် ပြန်လည် မျှဝေပေးထားခဲ့တာပါ ။ 

ပုံတွေထဲမှာတော့ မီးခိုးမျက်လုံးမွှန်တဲ့ လူနာတွေနဲ့ အခြားကျန်းမာရေးလိုအပ်ချက်ရှိတဲ့လူနာတွေကို အားကြိုးမာန်တတ်နဲ့ ကူညီပေးနေတာကိုတွေ့ရှိရပါတယ် ။

စေတနာရှင်တွေက လိုအပ်တာတွေ လှုဒါန်းပြီးဝန်းရံထောက်ပံ့ပေးနေကြသလို ကိုဝေဠုကျော်ကလည်း တစ်ဖက်တစ်လမ်းက သွားရောက်ကူညီပေးခဲ့တာပါ ။

တတ်ညီလက်ညီ ငြိမ်းသတ်နေကြတာမို့ မီးကိုတော့ ထိန်းနိုင်သွားခဲ့ပါပြီ ။ မကြာခင်မှာပဲ အပြီးသတ်ငြိမ်းတော့မှာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် Wai Lu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။