ရွှေကစ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အားလုံးအချစ်တော် မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ ရိုးရိုးရှင်းရှင်းဖက်ရှင်ပုံရိပ်လေးနဲ့ စမတ်ကျကျလှနေတာ တွေ့ရပါတယ်..။

အမြဲတမ်းချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့အမြင်အာရုံတွေကို ညို့ယူဖမ်းစားတတ်တဲ့သူမကတော့ ရိုးရိုးလေးနဲ့ဖက်ရှင်ကျနေတဲ့ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကိုအချစ်ပိုစေပြန်ပါပြီ..။

ရိုးရိုးလေးနဲ့ စမတ်ကျကျလေးလှနေတဲ့ ရွှေကစ်ကတော့ ဧပြီလ(၂၆)ရက်နေ့က Junction City မှာကျင်းပပြုလုပ်ခဲ့တဲ့ “Michael Kors” ဖွင့်ပွဲကို အခြားအနုပညာရှင်များနဲ့အတူ တတ်ရောက်ခဲ့တာဖြစ်ပါတယ်..။

အဲ့ဒီပွဲလေးတတ်ရောက်ခဲ့တဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုတော့ ရွှေကစ်ကသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်..။

“ဟေး Michael Kors ရန်ကုန်ရောက်နေပြီနော်.. ဝယ်စရာတစ်ခုထပ်တိုးပြီပေါ့နော့်..” ဆိုပြီး လက်တို့အသိပေးရင်း ဓာတ်ဖမ်းခဲ့တဲ့သူမရဲ့ပုံရိပ်လေးတွေကိုမျှဝေလိုက်တာပါ..။

မိုးပြာနုရောင်ဝတ်စုံလေးကို ရိုးရိုးလေးနဲ့ဖက်ရှင်ကျကျလေးဝတ်ဆင်ထားကာ ဖြူစင်ဝင်းပြည့်တဲ့ သူမရဲ့အသားအရေလေးနဲ့ လိုက်ဖက်လွန်းတာမို့ ချစ်စရာကောင်းအောင်လှနေတော့တာပါပဲနော်..။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်အမြဲပြန်လည်မျှဝေလေ့ရှိတာကလည်း ရွှေကစ်လေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေထဲက တစ်ခုပါပဲ..။

ပရိသတ်တွေရဲ့အချစ်တွေကို အများဆုံးသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေးရွှေကစ်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိပိုင်ဆိုင်ထားပြီး လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလေးလည်း ဖြစ်ပါတယ်..။

Photo - ရွှေကစ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။