ရုပ်ရှင်နဲ့ဗီဒီယို ဟာသသရုပ်ဆောင်ခင်လှိုင်ကတော့ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေများ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ဧပြီလ(၂၆)ရက်နေ့ ညနေပိုင်းက ဗန်းမော်ခရိုင် မန်စီမြို့ IDP စစ်ဘေးရှောင်ပြည်သူများခိုလှုံရာစစ်ရှောင်စခန်းမှာ အခြားအနုပညာရှင်များနဲ့အတူ အလှူငွေ(၁၀)သိန်းကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

သရုပ်ဆောင်ခင်လှိုင်နဲ့အတူ အခြားအနုပညာရှင်များဖြစ်ကြတဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်၊ အဆိုတော်မရန်ဆိုင်းနော်၊ Esabel ဂျာဘောက် မြန်မာအိုင်ဒေါတေးသံရှင် မိုင်းမိုင်ဆိုင်း တို့ကလည်းပါဝင်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်..။

အခုလိုသွားရောက်လှူဒါန်းခဲ့တဲ့အကြောင်းကိုတော့ ခင်လှိုင်ကသူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“ဒီနေ့ညနေ ဗန်မော်ခရိုင် မန်စီ မြို့IDP စစ်ရှောင်စခန်းမှာ ကချင်ပြည်နယ်မှ နံမည်ကျော်အဆိုတော်များဖြစ်ကြသော မရန်ဆိုင်းနော်.Esabel ဂျာဘောက် မြန်မာအိုင်ဒေါတေးသံရှင် မိုင်းမိုင်ဆိုင်း တို့နှင့်အတူ အလှုငွေ ၁၀ သိန်းကျပ်ကိုသွားရောက်လှုဒန်းခဲ့ပါတယ်..” ဆိုပြီး ရေးသားမျှဝေထားတာပါ..။

ပြည်သူ့အချစ်တော်ဟာသသရုပ်ဆောင်ခင်လှိုင်ကတော့ အနုပညာလောကမှာရာစုနှစ်တိုင်အောင်မြင်မှုတွေ အခိုင်အမာရရှိပိုင်ဆိုင်ထားသလို ကုသိုလ်ယူလှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်..။

အခုလိုလှူဒါန်းမှုတွေမကြာခဏပြုလုပ်လေ့ရှိတဲ့ ခင်လှိုင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေရှားပါးတဲ့အညာလေးအတွက် အလှူငွေများကောက်ခံပြီးကိုယ်တိုင်ဦးဆောင်ကာ စက်ရေတွင်းများတွင်းပြီး ရေကုသိုလ်ယူခဲ့ပါသေးတယ်..။

Photo - ခင်လှိုင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။