လက်တလောမှာတော့ ဧပြီ(၂၁)ရက်နေ့ကနေ ယနေ့အချိန်အထိ မီးငြိမ်းသက်နေရတဲ့ ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ် ကုလားကြီးစု ကျေးရွာအုပ်စုရှိ ထိန်ပင်သုသာန် စည်ပင်သာယာအမှိုက်ပုံမီးလောင်မှုအား ခက်ခက်ခဲခဲ မီးငြိမ်းသက်နေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေနဲ့ အနုပညာရှင်တော်တေ်ာများများမှ သွားရောက် လှူဒါန်းမှုတွေပြုလုပ်လျက်ရှိပါတယ်။မော်ဒယ်သရုပ်ဆောင် စူးရှထက်ကလည်းဒီနေ့မှာ သူမတက်နိုင်သလောက် သွားရောက်လှူဒါန်း ခဲ့တယ်လို့သိရပါတယ်။

ရာသီဥတုကလည်း အရမ်းကိုပူပြင်းလှတဲ့ကြားကနေခက်ခက်ခဲခဲ ပင်ပန်းစွာမီးငြိမ်းသတ်နေကြရတဲ့ မီးသတ်တပ် ဖွဲ့ဝင်တွေကို ကိုယ်ချင်းစာလေးစားသောအားဖြင့် မီးသတ်ရဲဘော်တစ်ဦးတစ်ယောက်ချင်းစီကို ကိုယ်တိုက်ကိုယ် ကျသွားရောက်လှူဒါန်းခဲ့တဲ့သူမရဲ့စိတ်ထားလေးကတော့တကယ်ကိုသာဓုခေါ်ဖွယ်ပါပဲနော်။ကြည်နူးစရာကောင်းတဲ့ သူမရဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကလည်း လူမှုကွန်ယက်မှာ ပျံနှံ့နေပြီးပရိသတ်တွေ သဘောကျမဆုံးသာ ဓုခေါ်ဆိုမဆုံးဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ 

စူးရှထက်ကတော့ လက်ရှိမှာလည်းပရိသတ်တွေအားလုံးသိထားကြတဲ့အတိုင်း ပြသနာများနဲ့ရင်ဆိုင်ကြုံတွေ့ နေရပေမယ့် အခက်ခဲတွေအားလုံးကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်းကျော်ဖြတ်နေပါတယ်။ပရဟိတစိတ်ဓာတ်အပြည့် နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ပြည်သူတစ်ဦးအနေနဲ့ တစ်ထောင့်တစ်နေရာကနေ တက်နိုင်သလောက်လေးသွား ရောက်လှူဒါန်းခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေရန်မျှဝေပေးလိုက်ပါ တယ်နော်။ 

သတင်းအရင်းအမြစ် - စူးရှထက်

Photo - Credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။