ဝါဆိုမိုးဦးဟာ ဆိုရင် သူမရဲ့ ချစ်သူနှင့် ပြတ်ပြီးနောက်ပိုင်းမှာ မကြာခင်ထွက်လာတော့မယ့် သူမရဲ့ သီချင်းခွေ အတွက် အားသွန်ခွန်စိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။ အသစ်ထွက်လာမယ့် အခွေနာမည်ကတော့ 'မိုက်လားပြောကြည့်' လို့အမည်ရပြီး တခြား အခွေတွေနှင့် မတူတဲ့ပုံစံမျိုးနှင့် တင်ဆက်သွားမယ်လို့သိရပါတယ်။

ထိုအခွေဟာဆိုရင် အသံဖိုင်တွေချည်းမဟုတ်တော့ဘဲ MTV အနေနှင့် တခွေလုံးနည်းပါး အသက်သွင်းထားတယ်လို့သိရှိရပါတယ်။ သူမဟာဒီနေ့ဆိုရင် ရွှေထူးနှင့် အတူတူ 'မလွမ်းကြေး' ဆိုတဲ့ သီချင်းကို ရိုက်ခဲ့တာဖြစ်ပါတယ်။ ထို သီချင်းကို ရွှေထူးကိုယ်တိုင်ရေးစပ်ထားပြီး ရွှေထူး၊ မေ၊ ဝါဆိုမိုးဦး တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။

အခွေကို အမြန်ဆုံးပြီးနိုင်ဖို့အတွက် ဝါဆိုမိုးဦးဟာ ဆိုရင် အလုပ်တွေကို လောပြီး လုပ်နေရာမှ လက်ထိခိုက်သွားတာဖြစ်ပါတယ်။ လက်ထိခိုက်ရတဲ့ အကြောင်းအရင်း ကိုတော့ အတိအကျ မပြောထားပဲ သူမအနေနှင့် အိုက်တင် အလုပ်ကောင်း လို့ထိခိုက်သွားတာလို့ပြောထားပါတယ်။ အဲ့ဒါပြောတာပေါ့ မြန်မြန်လိုရင် အနှေးဖြစ်တယ်လို့.....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။