ချစ်သူကိုချစ်သင့်တဲ့အချိန်နဲ့ မုန်းသင့်တဲ့အချိန်ဆိုတာ ကွဲကွဲပြားပြားရှိဖို့ လိုအပ်ပါတယ်။

ချစ်သူကို ချစ်သင့်တဲ့အချိန်

သင့်ရဲ့ချစ်သူကောင်လေးက အလုပ်အကိုင်ကောင်းရှိလား။နောက်ပြီး သင့်နဲ့အတူ နေ့လည်စာရော၊ ညစာပါ အတူတူ စားသုံးဖြစ်လား။ သူ့မှာ ခိုင်မာမှန်ကန်တဲ့ ရည်မှန်းချက်ရှိပြီး သူ့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်နိုင်လား။ သင်ငိုနေတဲ့အချိန်မှာ ရယ်အောင်လုပ်ပေးနိုင်လား။ ဒါဆိုရင်တော့ ဒီလိုအချိန်တွေမှာ သူ့ကို ချစ်သင့်တဲ့အချိန်လို့ သတ်မှတ်လို့ရနေပါပြီ။

ချစ်သူကို မုန်းသင့်တဲ့အချိန်

ချစ်သူကို မုန်းသင့်တဲ့အကြမ်းဖျင်းအချိန်တွေကတော့ သူ သန့်သန့်ရှင်းရှင်းမရှိတဲ့အချိန်တွေရယ်၊ ပျင်းရိတဲ့အချိန်တွေရယ်ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အွန်လိုင်းပေါ်မှာ အခြားသူတွေနဲ့အတူတူသုံးနေတဲ့ Facebook Chattingအချိန်တွေမှာပါပဲ။ တစ်ခါတစ်ရံမှာ သူ့ရဲ့ စိတ်ထားက ကောင်းပေမယ့် သူ့ရဲ့ အပြုအမူတွေကတော့ သင့်ကို စိတ်ပျက်စေမှာ အသေအချာဖြစ်တတ်တဲ့အချိန်တွေမှာဆိုရင်တော့ သူ့ကို မုန်းသင့်ပါပြီ။

စိတ်ခံစားမှုကို ဦးစားပေးချစ်ခြင်းနှင့်မုန်းခြင်း

တစ်ဦးနဲ့တစ်ဦး ချစ်တဲ့အချိန်မှာ ချစ်ချင်တဲ့ စိတ်ဟာ အရမ်းကိုအရေးကြီးပါတယ်။ သင့်အနေနဲ့ ချစ်သူကောင်လေးကို ချစ်တဲ့အချိန်မှာ အရာအားလုံးဟာ အချစ်ငှက်နှစ်ကောင်လို တတွဲတွဲ အမြဲ ကြည်နူးနေကြမှာ အသေအချာပဲဖြစ်ပါတယ်။ နောက်နေ့တွေမှာတော့ ချစ်တဲ့ စိတ်ပျောက်ပြီး စိတ်ကောက်ပြီး လျှောက်အော်တာတွေ၊ အော်ငေါက်နေတာတွေဖြစ်တဲ့အခါမှာလည်း မုန်းချင်ရင် မုန်းပစ်လိုက်နိုင်ပါတယ်။ အဲဒီတော့ အချစ်နဲ့အမုန်းဆိုတာမှာ အားလုံးက သင့်စိတ်ခံစားမှုအပေါ်မှာ မူတည်နေတယ်ဆိုတာကို သိထားလိုက်ပါ။

ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အချစ်ဇာတ်လိုက်

တစ်ခါတစ်ရံမှာ ရည်းစားစကား အချင်းများပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်တတ်ကြတာကလည်း အချစ်သဘာဝပါပဲ။ တစ်ခါတစ်ရံမှာ နှစ်ယောက်တည့်သွားတဲ့အခါကျတော့လည်း တစ်ဦးနဲ့တစ်ဦးပွေ့ဖက်လိုက်၊ နမ်းရှုံ့လိုက်နဲ့ ပြန်ချစ်သွားကြတာပဲလေ။ ဒါကြောင့်မို့လို့ ရန်ဖြစ်ခြင်းနဲ့ ပြန်ချစ်ခြင်း သံသရာ ဇာတ်လမ်းတွေ ကတော့ တစ်ပတ်လည်နေမှာ အသေအချာပါပဲ။

ချစ်သူကို ဆုလာဘ်တစ်ခုလိုချစ်လား

ကိုယ့်ချစ်သူကို ဆုလာဘ်တစ်ခုလိုချစ်တယ်ဆိုတာဟာ သူ့ကို တန်ဖိုးထားတာနဲ့အတူတူပါပဲ။ သူ့ကိုလည်း သင့်အနေနဲ့ အမြဲအလိုရှိနေတယ်လို့ ဆိုလိုတာပါ။ ဒီလိုမျိုး စိတ်ခံစားမှု သင့်မှာရှိတယ်ဆိုရင်တော့ ချစ်သူကိုချစ်ပစ် လိုက်ပါ။ ဒီလိုမျိုးအချိန်ဟာ ချစ်ဖို့အကောင်းဆုံးအချိန်အခါပါပဲ။

နက်နက်နဲနဲ ဆက်သွယ်မှုတွေမရှိတဲ့အခါ မုန်းလိုက်ပါ

သင့်ချစ်သူနဲ့သင့်ရဲ့ ဆက်ဆံရေးမှာ အချစ်ရော၊ အမုန်းရော နှစ်မျိုးလုံး ရှိနေမယ်ဆိုတာ အသေအချာပါပဲ။ တကယ်လို့ သင်တို့နှစ်ယောက်ဟာ အပြင်အတူမထွက်တာ ဈေးဝယ်အတူထွက်တာမျိုးတွေမရှိတော့ဘူးဆိုရင်တော့ နက်နဲတဲ့ ဆက်ဆံရေးမျိုးမဟုတ်တော့ပါဘူးလို့ဆိုရပါမယ်။ ဒီလိုမျိုးအခြေအနေမှာ ဆက်ပြီးချစ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ မကြာာခင်မှာ ရန်ဖြစ်ရတော့မယ်ဆိုတာ အသေအချာပါပဲ။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။