ဂျက်ကီချန်းရဲ့ သမီးဖြစ်သူ Etta Ng ဟာ သူမရဲ့ Girl friend ဖြစ်တဲ့ Andi Autumn နဲ့အတူ Youtube မှာ short video လေးတစ်ခုတင်ခဲ့တာကိုတွေ့ရှိရပါတယ်။ထိုဗီဒီယိုလေးထဲမှာတော့ သူမတို့နှစ်ယောက်ဟာ လိင်တူချစ်ကြိုက်မိတာကြောင့် သူတွေချင်းတွေ မိသားစုတွေက ပစ်ပယ်ထားကြောင်းကို ပြောခဲ့ပါတယ်။

သူမတို့နှစ်ယောက်အနေတဲ့ လိင်တူဆက်ဆံတာကို မုန်းတီးတဲ့မိဘတွေကြောင့် အိမ်ပေါ်ကဆင်းခဲ့ရပါတယ်။ ဒါ့အပြင် ကူညီမဲ့သူဘယ်သူမှမရှိတာကြောင့် တံတားအောက်မှာလဲအိပ်ခဲ့ရသလို အခြားသောနေရာတွေများစွာမှာလည်းအိပ်ခဲ့ရပါတယ်။သူမတို့နှစ်ယောက်ကတော့ ရဲစခန်းတွေ ၊ ဆေးရုံတွေ ၊ LGBD တွေဆက်ဆံရေးရှိသူတွေကို အရိပ်အာဝါသပေးတဲ့နေရာတွေကိုလည်း သွားခဲ့တယ်လို့သိရပါတယ်။

ထို့နောက်မှာတော့ Ng အနေနဲ့ အခုလိုအခြေမှာ ဘာလုပ်ရမှန်းမသိတဲ့အတွက် ယခုလိုပြောပြခဲ့တာပါ ။ ဒီအချိန်မှာ ဘယ်သူ့ဆီကမှ အကူအညီမရတာကလည်း အရမ်းကိုရယ်စရာ ကောင်းတယ်လို့ ထင်ပါတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ပရိတ်သတ်တွေ ကြည့်ရှုနိုင်စေဖို့ ထို ဗီဒီယိုလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

source - The Express Tribune

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။