အဆိုတော်ယုန်လေးကတော့ ဂီတပိုင်းမှာလည်း ပရိတ်သတ်သိပြီးသားအနုပညာရှင်တစ်ယောက်ဖြစ်သလို ရုပ်ရှင်နယ်ပယ်မှာလည်း ပရိတ်သတ်အကြိုက်နဲ့ ထပ်တူကျမယ့် ရုံတင်ဇာတ်ကားကြီးတွေရဲ့ ထုတ်လုပ်သူ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်နေပါသေးတယ် ။ သူရိုက်ကူးတဲ့ ဇာတ်ကားတွေက အခြားဇာတ်ကားတွေထက် ပိုမို ထူးခြားတာကတော့ ရုပ်ရှင်တွေမှာ ၀င်သရုပ်ဆောင်လေ့မရှိတဲ့ အဆိုတော်တွေပါ ပါ၀င်သရုပ်ဆောင်ပေးထားတတ်ကြပြီး သူတို့ရဲ့ ပရိတ်သတ်တွေအတွက်လည်း ကိုယ်နှစ်သက်တဲ့ အဆိုတော်ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုပါ အားပေးနိုင်တာမို့ ရေပန်းစားတဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ် ။ 

Gangster ဆန်ဆန် ရိုက်ကူးတဲ့ ဇာတ်ကားတွေက ပြကွက်တွေဆန်းသစ်တာက လူငယ်တွေအကြိုက်ဖြစ်ပေမယ့် ဆင်ဆာကို ကျော်ဖြတ်ပြီးတော်တော် ခက်ခက်ခဲခဲကို ရုံတင်ခဲ့ရတာပါ ။ ခုလည်း ယုန်လေးက နောက်ထပ်ထပ်ထွက်မယ့် Original Gangster 3 ကို ဆင်ဆာ လေးကြိမ်တောင်ပြန်တင်ခဲ့ပေမယ့် မကျလာတဲ့အတွက် အားထုတ်ထားတဲ့ အနုပညာတွေ ချပြခွင့် မရတော့လို့ စိတ်မကောင်းတော်တော်ဖြစ်နေပါတယ် ။  

" ကျွန်တော် အခုတောက်လျောက်အနုပညာနဲ့ပက်သက်ပြီးကြိုးစားနေတဲ့အချိန်မှာ ဆက်လုပ်ဖို့အားမရှိအောင် စိတ်ဓာတ်ကိုအသတ်ခံလိုက်ရပြီ။ မကြာခင် Video File လေးတင်ပေးပါမယ်။ ဘယ်သူမှစော်ကားထားခြင်းမရှိပါ။ ဘယ်သူ့ကိုမှလည်း ဘဝ မှာထိခိုက်နစ်နာအောင်မလုပ်ခဲ့ပါ။ ဒီအဖွဲ့အစည်းကလည်း ကျွန်တော့်အပြင် တခြားအနုပညာသမားပေါင်းမြောက်များစွာကို ထိခိုက်အောင်မလုပ်ဖို့တောင်းဆိုပါတယ်။ " လို့ဆိုခဲ့ပြီး သူ စိတ်ဓါတ်ကျရတဲ့ အကြောင်းကို Video file ထဲမှာ သေချာပြောပြထားခဲ့တာပါ ။

(Video File ကိုအောက်မှာ ကြည့်လို့ရပါတယ်) 

ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ Original Gangster 3 ကတော့ ပရိတ်သတ်ရှေ ့မှောက်ချပြခွင့်မရတော့ပါဘူး ။ ဆင်ဆာနဲ့ ရုပ်ရှင်ဆိုတာက ဒွန်တွဲနေတာမို့ မြန်မာနိုင်ငံရဲ့ ရုပ်ရှှင် အရွေ ့က ဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာပါပဲ ... 

သတင်းအရင်းမြစ် Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။