ပရိသတ်ကြီးအချစ်တော် ရွှေပိုးအိမ်ကတော့ လတ်တလောမှာစင်ကာပူနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတယ်လို့သိရပါတယ်။ စင်ကာပူနိုင်ငံရဲ့နောက်ခံနဲ့ ရိုက်ကူးထားတဲ့သူမရဲ့ ဓာတ်ပုံလေးတွေကိုတော့ သူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့်ပြန်လည်မျှဝေထားတာပဲဖြစ်ပါတယ်။ သူမရဲ့ဓာတ်ပုံလေးတွေကတော့ ပြောစရာမလိုလောက်အောင်ကို ချစ်စရာကောင်းနေပါတယ်။

သူမရဲ့ချစ်စရာပုံရိပ်လေးတွေကတော့ မြင်ရသူပရိသတ်တွေအနေနဲ့ သဘောကျနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။သူမရဲ့ချစ်စရာဟန်ပန်လေးတွေက ပရိသတ်ကို ဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။အဖြူရောင်အကျီ ၤလေးနဲ့ ရိုးရှင်းစွာလှနေတဲ့ သူမရဲ့ဓာတ်ပုံလေးတွေကတော့ ရိုးရိုးလေးနဲ့ လန်းနေပါတယ် ပရိသတ်ကြီးရေ။

လတ်တလောမှာတော့အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။စင်ကာပူမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကတော့ ပရိသတ်ကြီးအတွက် အချစ်ပိုစေမှာတော့အမှန်ပါပဲ။ရွှေပိုးအိမ်ရဲ့ပရိသတ်တွေအနေနဲ့လည်း အရမ်းလှနေတဲ့မင်းသမီးချောလေးအတွက် အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်....

သတင်းအရင်းအမြစ်-ရွှေပိုးအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။