အပျိုကြီးမမ ခင်လေးလို့ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ခင်လေးနွယ်ကတော့ ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူ မွေးနေ့အလှူလေးပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ သူမရဲ့မွေးနေ့အလှူလေးကိုတော့ မေလ(၆)ရက်နေ့က ရန်ကုန်၊ ဒဂုံမြို့နယ်မှာရှိတဲ့ မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်းမှာ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

သူမရဲ့မွေးနေ့လေးကတော့ ပြီးခဲ့တဲ့ဧပြီ(၃၀)ရက်နေ့ကတည်းက ပြီးသွားခဲ့ပေမယ့် မေလ(၆)မှာတော့ သူငယ်ချင်းတွေစုံလို့ အခုလိုသွားရောက်လှူဒါန်းတာ ဖြစ်တယ်လို့လည်း သူမက ပြောပြထားပါသေးတယ်..။

သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်ခဲ့တဲ့မွေးနေ့အလှူပုံရိပ်လေးတွေကိုတော့ ခင်လေးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“ဒါခင်ခင့်တစ်ယောက်ထဲရဲ့ အလှူမဟုတ်ပါဘူး .. သူငယ်ချင်းတွေအားလုံးရဲ့ အလှူလေးပါ... နားမကြားတဲ့ခလေးလေးတွေကို သွားလှူတာပါ

သူတို့လေးတွေ ပျော်နေတာကိုကြည့်ရတာ အရမ်းကြည်နှူးဖို့ကောင်းပါတယ်.. သူငယ်ချင်းတွေ အားလုံးကိုလဲ အရမ်းချစ်ပါတယ်ရှင့်.. GOD blessed you all..” ဆိုပြီး ကြည်နူးစရာ ချစ်ဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

သူမရဲ့ မွေးနေ့အလှူလေးကိုတော့ ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူ အနုပညာရှင်ဆယ်လီတွေလည်း ပျော်ပျော်ရွှင်ရွှင်တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

Photo - ခင်လေးနွယ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။