မြန်မာဆန်ဆန်အလှလေးတွေနဲ့ အမြဲမြင်တွေ့ရတဲ့ သရုပ်ဆောင်စိုးပြည့်သဇင် ကတော့ ဒီတစ်ခေါက်မှာ ထူးထူး ခြားခြား သူမဆွဲဆောင်မှုရှိတဲ့ ပုံစံလေးကို ပရိသတ်တွေထံချပြလိုက်ပါတယ်။ပရိသတ်တွေမြင်တွေ့ရခဲတဲ့ ရေကူး ဝတ်စုံလေးနဲ့သူမရဲ့ ရူးလောက်တဲ့အလှတွေကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ 

အမြဲတမ်းမြန်မာဆန်တဲ့ အဝတ်အစားလေးတွေဝတ်တက်တဲ့ သူမကတော့ရေကူးဝတ်စုံလေးနဲ့ လည်းလုံလုံခြုံခြုံ လေးလှနေ တာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူတို့မြင်တွေ့နေကျမဟုတ်တဲ့ ပုံရိပ်လေးတွေဖြစ်တာ ကြောင့်အရမ်းကိုသဘောကျနေကြပြီး သူမရဲ့ အမိုက်စားစတိုင်လေးကြောင့် ရင်ခုန်သံတွေ ပိုမိုမြန်ဆန်စေခဲ့ပါ တာပဲ ဖြစ်ပါတယ်။ 

သူမကတော့ မေလ(၆)ရက်နေ့၊ မနေ့က Sunday နားရက်လေးမှာ water boom သွားရောက်ခဲ့တာပဲ ဖြစ်ပါ တယ်။သူမရဲ့ လူမှုကွန်ယက်မှာလည်း water boomရောက်ရေကူးဝတ်စုံနဲ့ ပုံရိပ်လေးတွေမျှဝေထားတာကြောင့် ပရိသတ်တွေ အချစ်ပိုနေကြပြီး မှတ်ချက်လေးတွေဝင်ရေးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို ညို့ယူဖမ်း စားမယ့် စိုးပြည့်သဇင် ရဲ့ရေကူးဝတ်စုံနဲ့ အလန်းစားပုံရိပ်များလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။