မိုးယုစံ ကိုယ်ဝန်ရတဲ့ သတင်းဟာ အချို့သူတွေ အတွက်တော့ ပွတ်ပွတ် ညံ သွားကြပါတယ်။ သူမဟာ ဆိုရင် ဆရာဝန်နှင့်သေချာ မပြရသေးပေမဲ့ ကိုယ်ဝန်လွယ်ထားရတာ သေချာသလောက်ရှိနေပါပြီ လို့ပြောထားပါတယ်။ သူမ ကိုယ်ဝန်ရှိတဲ့ သတင်းကြောင့် သူမ အမျိုးသားနှင့် အမျိုးတွေက အရမ်းကိုပျော်ရွှင်နေကြပါတယ်လို့ပြောသွားပါတယ်။

သူမကိုဝေဖန်နေတဲ့ သူတွေနှင့် ပတ်သက်ပြီးတော့ trend myanmar က အင်တာဗျူးတဲ့အခါမှာလဲ သူမက ယခုလိုပြန်လည်ဖြေကြားသွားပါတယ်။ '

ဝေဖန်တဲ့သူကတော့ နေရာတိုင်းမှာရှိမှာပဲလေ။ ပြီးတော့ကိုယ်တွေလိုမျိုးလူသိတဲ့သူတစ်ယောက်အနေနဲ့က ဝေဖန်တဲ့သူ ပိုများတာပေါ့လေ။ နောက်ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက်က ခံစားချက်ချင်း၊ ခံယူပုံချင်းတူမှမတူတာလေ။

ဒါကြောင့်ဝေဖန်မှုတွေကတော့ရှိမှာပဲ။ ဝေဖန်တယ်ဆိုတာကလဲ တကယ်တော့ ကိုယ့်ကိုစိတ်ထဲမှာရှိလို့ကောင်းတာဝေဖန်တာ၊ မကောင်းတာဝေဖန်တာဖြစ်တဲ့အတွက် ဝေဖန်တဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ ကိုယ်ဝန်ကိစ္စနဲ့ပတ်သက်ပြီးပြောချင်တာကတော့ ညီမတို့အိမ်ထောင်ကျတာ သုံးလရှိပြီ။ အနေအထားကလဲ ၈၀၊ ၂၀ ပဲရှိပါသေးတယ်။ တကယ်လို့ကိုယ်ဝန်ကသေချာခဲ့မယ်ဆိုရင်ညီမကိုယ်ဝန်ကနှစ်ပတ်ကျော်လောက်ပဲရှိပါသေးတယ်လို့ပြောချင်ပါတယ်။'

Source: trendmyanmar

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။