မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ကာရစ်ကို သက်တမ်းတိုးရန် အသင်းတာဝန်ရှိသူများကို မော်ရင်ဟိုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ကာရစ်ဟာ မော်ရင်ဟို ဖန်တီးထားတဲ့ မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းကို တာဝန်ယူပေးရသော ကစားသမားတစ်ဥိးဖြစ်ပါတယ်။ ရာသီအစမှာ မော်ရင်ဟိုရဲ့ ယုံကြည်မှုမရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မော်ရင်ဟို အားထားရတဲ့ ကွင်းလယ်ကစားသမားဖြစ်လာခဲ့ပါတယ်။

ကာရစ်ပါ၀င်တဲ့ပွဲစဉ်တိုင်းဟာ မန်ယူအသင်းအတွက် ရလဒ်ကောင်းတွေရရှိခဲ့ပါတယ်။ စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ပေါ့ဂ်ဘာဟာလည်း ကာရစ်နဲ့တွဲဖက်ကစားခြငး်ဟာ ပေါ့ဂ်ဘာရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကာရစ်ကို ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်စေခဲ့တယ်လို့ သိရပါတယ်။ The Sun ရဲ့ ရေးသားချက်အရ မန်ယူအသင်းဟာ ကာရစ်ကို တစ်နှစ်သက်တမ်းတိုးသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။