အရပ်ရှည်ရှည် ဘော်ဒီအမိုက်စားနဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သန္တာဗိုလ် တစ်ယောက် သူမရဲ့အမိုက်စားပုံရိပ်တွေကို ချပြလိုက်ပြီပဲဖြစ်ပါတယ်။ International Size နဲ့ ယှဉ်နိုင်တဲ့ သူမရဲ့ ခပ်မြင့်မြင့်အရပ်အမောင်းဟာလည်း ကြွေချင်စရာတွေထဲက တစ်ခုပါပဲ။ ပုပုသေး သေး ခန္ဓာကိုယ်လေး မဟုတ်ပဲ တကယ်ကိုဆိုဒ်ပြည့် ဂိုက်ပြည့်နဲ့ လှလွန်းသူ တစ်ဦးပါပဲ။

သူမရဲ့ချစ်သူ သရုပ်ဆောင်ကောင်းပြည့်နဲ့လည်း ချစ်သူသက်တမ်းဟာ ခြောက်နှစ်တာကာလ ကို ကျော်လွန်ခဲ့ပြီပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကိုဖန်တီးထားနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ လက်တွဲထားတာဖြစ်ပါတယ်။ နှစ်ယောက် အတူတူ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဟာလည်း တကယ်ကို အချိတ်အဆက်မိမိနဲ့ ကြည့်ကောင်းလွန်းပါတယ်။

နှစ်ယောက်လုံးကလည်း ဝါသနာတူ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းချင်းလည်းတူ တာကြောင့် အမြဲလိုလို အတူတူရှိတတ်တဲ့ ကြည်နူးစရာ စုံတွဲလေးတစ်တွဲပါပဲ။ သူမရဲ့ အမိုက်စားပုံရိပ်တွေကို " Black " ဆိုပြီး တစ်လုံးတည်းရေးတင်ထားတာဖြစ်ပါတယ်။ အနက်ရောင်ဝတ်စုံနဲ့ အလန်းလွန် အလွန်လန်းနေတဲ့ သန္တာဗိုလ်ရဲ့ အမိုက်စားပုံရိပ်တွေကို ကြည့်လိုက်ပါဦးနော်။

Photo - Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။